ပရိသတ်တွေကို မကျေမနပ်ဖြစ်အောင် လုပ်ခဲ့တဲ့ One Direction



နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ယောက်ျားလေးအဆိုတော်အဖွဲ့ One Direction ဟာ ပွဲမစခင်မိနစ်ပိုင်းအလိုမှာပဲ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရတဲ့အတွက်ကြောင့် သူတို့ရဲ့သက်ဆိုင်ရာ Twitter စာမျက်နှာတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ပရိတ်သတ်တွေကိုတောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ 


သူတို့ဟာ အင်္ဂါနေ့ကမြောက်အိုင်ယာလန်မြို့တော် Belfast ရဲ့  SSE Arena မှာ သုံးညဆက်ဖျော်ဖြေပွဲကို  ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ပွဲမစခင်မှာ အဖွဲ့ဝင် Liam Payne ရဲ့ ဖျားနာမှုကြောင့် အစီအစဉ်ကို ပြောင်းလဲမှုတွေလုပ်ခဲ့ရတာပါ။ ရာပေါင်းများစွာသော သူတို့ရဲက ပရိသတ်တွေဟာ ညနေ ခြောက်နာရီခွဲမှ စတင်မယ့်ပွဲကို မနက်စောစောပိုင်းတည်းက ဝင်ပေါက်တွေနားမှာ ဝီရိယကောင်းကောင်းနဲ့ စောင့်ဆိုင်းနေခဲ့ကြပေမယ့် ပွဲမစခင် မိနစ်ပိုင်းအလိုမှာ အခုလိုသတင်း ထုတ်ပြန်လိုက်တာကြောင့် မကျေမနပ်ဖြစ်ပြီး ပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။ 



ပရိတ်သတ်တွေကတော့ မနက်ဖြန်မှာရော ရှိုးကို စတင်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေထုတ်ခဲ့ကြပြီး လက်မှတ်တွေကိုလည်း ကိုင်ဆောင်ထားကြသေးတယ်လို့ သိရပါတယ်။ 1D ကတော့ Liam ပြန်နေကောင်းလာတာနဲ့ တတ်နိုင်သမျှ မြန်မြန်ပြန်စီစဉ်ပေးမယ်လို့ တောင်းပန်ထားပါတယ်။ ဒီဖျော်ဖြေပွဲကို နယ်သာလန် ၊ ပြင်သစ် ၊ ဂရိ စတဲ့ နိုင်ငံတွေက သူတို့ ပရိတ်သတ်တွေကပါ အားပေးဖို့ အိုင်ယာလန်နိုင်ငံကို ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။ 

Harry Styles ကတော့ " အနူးအညွတ်ကို တောင်းပန်ပါတယ်။ Belfast က ပရိတ်သတ်တွေ အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ကံမကောင်းတဲ့အရာတွေ ဖြစ်ပေါ်ခဲ့ပါတယ် " လို့ သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားတောင်းပန်ထားပါတယ်။ Louis Tmlinson ကလည်း "ကျွန်တော်တို့ အဖွဲ့ စည်းလွှတ်ဝါးလွှတ်လို ဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။ Liam ကိုလည်း အမြန်နေကောင်းဖို့ ဆုတောင်းပေးကြပါအုံး။ နားလည်ပေးတဲ့ ပရိတ်သတ်ကြီးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်" လို့ ရေးသားထားတာကိုလည်း တွေ့ခဲ့ရပါတယ်။



(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment