၃ နှစ်ကြာ အိမ်ထောင်ရေးကို အဆုံးသတ်တော့မယ့် Drew Berrymore



ဟောလီးဝုဒ် မင်းသမီး Drew Berrymore နဲ့ သူမရဲ့ ခင်ပွန်း Will Kopelman တို့ဟာ အိမ်ထောင်သက် ၃ နှစ်အကြာမှာ လမ်းခွဲကြတော့မယ်လို့ သိရပါတယ်။ သတင်းဖော်ပြချက်တစ်ခုအရ သူမတို့ စုံတွဲဟာ အဆင်ပြေအောင် ကြိုးစားခဲ့ကြပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူးတဲ့။

OK! မဂ္ဂဇင်းကို အတွင်းလူတစ်ယောက်ကပြောပြခဲ့တာကတော့" သူတို့၂ယောက်ဟာ လက်ရှိမှာ ပြသနာဖြစ်နေကြပါတယ်။ သူတို့ တစ်နေရာစီခွဲနေကြည့်ခဲ့ကြတယ်။ အဲဒါလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ သူတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပါပြီ" ။

Drew Berrymore နဲ့ Will Kopelman တို့ စုံတွဲဟာ ၂၀၁၂ ခုနှစ် ဇွန်လ မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သူတို့စုံတွဲမှာ Olive နဲ့ Frankie ဆိုတဲ့ သမီးငယ်လေး ၂ ယောက်လည်း ရှိကြပါတယ်။

InStyle မဂ္ဂဇင်းရဲ့ နိုဝင်ဘာလထုတ် စာစောင်မှာ Drew Berrymore က သူမရဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီး "ကျွန်မဆိုလိုချင်တာက မြင်မြင်ချင်းချစ်ခဲ့တာတော့မဟုတ်ပါဘူး။ ကျွန်မတို့ သဘောတူညီမှုတွေ လိုက်လျောမှု တွေပြုလုပ်ခဲ့ပေမယ့်လည်း ကျွန်မတို့ဟာ ဆန့်ကျင်ဘက် အနေအထား ဖြစ်နေပါတယ်။ အဲဒါဟာ အရမ်းကိုခက်ခဲနေဆဲပါ" လို့ ဆိုပါတယ်။

Drew Berrymore ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ Wildflower လို့ခေါ်တဲ့ အမှတ်တရ မှတ်တမ်းရုပ်ရှင် တစ်ခုကိုထုတ်လုပ်သွားမှာ ဖြစ်ပြီး သူမရဲ့ သမီးတွေအတွက် ပေးစာ တစ်စောင် သဖွယ်ဖြစ်တယ်လို့ လည်း ပြောပြပါတယ်။

OK! မဂ္ဂဇင်း ရဲ့ ဖော်ပြချက်သာ မှန်ကန်မယ်ဆိုရင် ဒါဟာ Drew Berrymore ရဲ့ တတိယ အကြိမ်မြောက် အိမ်ထောင်ရေး ပျက်စီးမှု ပဲ ဖြစ်ပါတယ်။ သူမဟာ ပထမခင်ပွန်း Jeremy Thomas နဲ့ ၁၉၉၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉ ရက်သာပေါင်းသင်းခဲ့ရပါတယ်။ အဲဒီနောက် MTV အစီအစဉ် တင်ဆက်သူ Tom Green နဲ့လည်း ၂၀၀၁ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ၅ လ အကြာမှာ လမ်းခွဲခဲ့ပြန်ပါတယ်။

သူမဟာ The Strokes တီးဝိုင်းရဲ့ ဒရမ်သမား Fabrizio နဲ့လည်း ၅ နှစ်ခန့် တွဲခဲ့သလို မင်းသား Justin Long နဲ့လည်း တွဲခဲ့ပါသေးတယ်။

( Mario )
သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com
Ref : Starpulse
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment