အဖေ့အတွက် ဘောလုံးကစားနေတာပါ ဆိုတဲ့ Snoop Dogg ရဲ့သား


ကမ္ဘာကျော် ရက်ပ် အဆိုတော် Snoop Dogg ရဲ့ သားဖြစ်သူ Cordell Broadus က သူ့အဖေ သူ့ကို ချစ်လာစေမယ် လို့ ထင်မှတ်ကာ သူ့အနေနဲ့ ဘောလုံးကစားနေရခြင်း ဖြစ်တယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။

Cordell ဟာ အထက်တန်းကျောင်းပေါင်းစုံ ဘောလုံးအားကစား ပြိုင်ပွဲမှာ ထိပ်တန်း အားကစား သမားတစ်ဦးဖြစ်ခဲ့ပြီး အမေရိက တစ်နိုင်ငံလုံးမှာ နာမည်ကျော်ကြားလာခဲ့သူပါ။ ဒါပေမယ့်လည်း မကြာသေးခင်ကပဲ သူဟာ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ဘောလုံးအသင်းက နေ နှုတ်ထွက်ခဲ့တဲ့အတွက်လည်း အားကစား လောက ထဲကလူတွေအားလုံး အံ့အားသင့်သွားခဲ့ရပါတယ်။

ဒါပေမယ့် မကြာသေးခင်ကပဲ Cordell က အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး အခုလို ဖွင့်ဟ ပြောကြားလာပါတယ်။

"ကျွန်တော် ကျွန်တော့်အဖေအတွက် ဘောလုံးကစားနေရတာပါ။ ဘာလို့လည်းဆိုတော့ ဒါဟာ သူကျွန်တော့်ကို ချစ်လာဖို့နဲ့ ကျွန်တော့်ဘ၀ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ကျွန်တော်ထင်လို့ပါ" လို့ သူက ဆိုပါတယ်။

"ကျွန်တော့်ဘ၀မှာ အဖေဟာ Cordell Broadus ကိုချစ်တာ ၊ ဘောလုံးသမား Cordell Broadus ကိုချစ်တာမဟုတ်ဘူးလို့ သိရှိနားလည်နိုင်ဖို့ ၁၂ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။" လို့လည်း Cordell က ၀န်ခံခဲ့ပါတယ်။

Cordell တစ်ယောက် ဘောလုံး အားကစား ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ မိခင်ဖြစ်သူ Shante က သူမနဲ့ Snoop Dogg တို့ဟာ သားဖြစ်သူ ဖြစ်ချင်တာမှန်သမျှ ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါသေးတယ်။

( Mario )
သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com
Ref : TMZ
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment