အမျိုးသမီးတွေ နဲ့ ကလေးတွေ ပါဝင် တဲ့ ဒုက္ခသည် တချို့ ဟာ မြိုင်ကြီးငူ မှာ ရှိတဲ့ ဇိနမာန်အောင် ဘုရား ဝင်းထဲ ရောက် နေ။ |
အမျိုးသမီးတွေ နဲ့ ကလေးတွေ ပါဝင် တဲ့ ဒုက္ခသည် တချို့ ဟာ မြိုင်ကြီးငူ မှာ ရှိတဲ့ ဇိနမာန်အောင် ဘုရား ဝင်းထဲ ရောက် နေ ကြ ပြီး ဒေသခံ တွေ က ကူညီ စောင့်ရှောက် ထားတယ် လို့ အဲဒီ့ နေရာ ကို ကိုယ်တိုင် သွားရောက် ခဲ့တဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
KNU တပ်မဟာ ၅ က လူသစ်တွေ စုစောင်းရာမှာ လူငယ် လူရွယ် သားသမီး တွေ ကို မရရှိရင် မိဘ တွေ ကိုပါ ပြန်ပေးဆွဲ သလို ဖမ်းဆီး နေလို့ ထွက်ပြေးခဲ့ရတာ ဖြစ်တယ် လို့ ယွန်းစလင်း မြစ်နားက ပြည်စုံ ရွာသူကြီး ဦးမောထ က ဘီဘီစီ ကို ပြောပါတယ်။
လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ မှာ NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ကို အစိုးရ နဲ့ လက်မှတ်ထိုး ဖို့ KNU က သဘောတူ ထားချိန် မှာ ပဲ KNU တပ်မဟာ တစ်ခု က အခုလို လူသစ် စုစောင်းမှု တွေ ပြုလုပ် လာတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment