အမျိုးသား လိင်အင်္ဂါကိုအသုံးပြုပြီး ပန်းချီရေးဆွဲတဲ့ ပန်းချီဆရာ ‘Pricasso’

Pricasso

ဗြိတိသျှဖွား အသက် ၁၈ နှစ်အထက်အနုပညာတင်ဆက်သူ Tim Patch ဟာ ကမ္ဘာပေါ်မှာ သူ့ ရဲ့ ကျားအင်္ဂါ၊ ဝှေးစေနဲ့ တင်ပါးတွေကို အသုံးပြုပြီး ပန်းချီရေးဆွဲတဲ့ တစ်ဦးတည်းသော ပန်းချီဆရာဖြစ်ပါတယ်။

မိမိကိုယ်ကို ‘Pricasso’ လို့ အမည်ခံထားတဲ့ Tim Patch ဟာ ပန်းချီဆွဲရာမှာ ပန်းရောင် ဦးထုပ်မြင့်နဲ့ ပန်းရောင်လည်စည်းကိုပဲ ၀တ်ဆင်ကာ လိင်အင်္ဂါတွေကို အသုံးပြုပြီး အမိုက်စားပန်းချီကားတွေ ရေးဆွဲလေ့ရှိပါတယ်။

ဗြိတိန်မှာ မွေးဖွားခဲ့ပေမယ့် သြစတြေးလျမှာ သူ့ ရဲ့ဖန်တီးမှုအားကောင်းတဲ့အနုပညာအရည်အသွေးတွေကို ဆည်းပူးခဲ့သူဖြစ်ပြီး မကြာခင် လန်ဒန် အိုလံပီယာ ပြပွဲခန်းမမှာ ကျင်းပမယ့် Sexpo UK မှာ ဗြိတိန်ကို ပထမဆုံး အကြိမ် ပြန်လည်လာရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။

Pricasso ဟာ အိမ်ထောင်ကွဲပြီးနောက် သူ့ ရဲ့ လိင်အင်္ဂါတွေ အသုံးပြုကာ အနုပညာဖန်တီးမယ့် စိတ်ကူး စတင် ပေါ်လာခဲ့ပြီးနောက် ပန်းချီပညာကို လေ့လာခဲ့ကာ လွန်ခဲ့တဲ့ ၁၀ နှစ်တိုင် Sexpo Australia မှာ ဖျော်ဖြေနေခဲ့သူ ဖြစ်ပါတယ်။

Pricasso ဟာ ပန်းချီဆရာထက် သူ့ ကိုယ်သူ ဖျော်ဖြေတင်ဆက်မှုအနုပညာရှင် performance artist တစ်ဦးအဖြစ် ခံယူထားပြီး ယခု UK မှာ ပြုလုပ်မယ့် Sexpo ပွဲမှာ သူ့ ရဲ့ လိင်အင်္ဂါနဲ့  စုတ်ချက် တစ်ချက်ချင်းဆွဲပုံကို ဗြိတိန်နိုင်ငံသားတွေ တိုက်ရိုက်လာကြည့်နိုင်ဖို့  ဖိတ်ခေါ် ထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ လူနေမှုပုံစံပြပွဲဖြစ်တဲ့ UK Sexpo ပွဲမှာ ဗြိတိန်လူမျိုး ရွှေပွဲလာပရိတ်သတ်တွေ အနေနဲ့ Pricasso ရဲ့ လိင်အင်္ဂါနဲ့ ဆွဲပေးတဲ့ မိမိပုံတူပန်းချီကားတွေကိုလည်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref: Mirror

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment