SAT စာမေးပွဲ ပျမ်းမျှရမှတ် လောက်ရအောင် ကွန်ပျူတာ ဉာဏ်ရည် ဖြေနိုင်နေပြီ




ကွန်ပျူတာ ဉဏ်ရည် (Artificial Intelligence) သည် ဂျီသြမေတြီ မေးခွန်းကို အမေရိကန် (၁၁) တန်း သာမန် ကျောင်းသား တစ်ယောက် လောက်နီးပါး အဖြေတွက် ထုတ်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သုတေသီများက ဆိုလိုက်သည်။
          GeoS အမည်ရှိ ကွန်ပျူတာ ဉဏ်ရည်စနစ်သည် ဂျီသြမေတြီ ပုံစံများကို နားလည် သိမှတ်နိုင်စွမ်း ရှိပြီး ဖြေရှင်းပုံ အဆင့်ဆင့်ကိုလည်း ကိုယ်ပိုင်ဉဏ်ရည်ဖြင့် တွက်ထုတ် နိုင်စွမ်းရှိသည်။ SAT မေးခွန်းပုံစံ တစ်ခုကို ဖြေခိုင်းရာ(၄၉) ရာခိုင်နှုန်းထိ မှန်ကန်အောင် တွက်ထုတ်နိုင်စွမ်း ရှိကြောင်း တွေ့ရသည်။ ထိုနှုန်းကို အခြေခံထားပြီး ခန့်မှန်းကြည့် မည်ဆိုပါက SAT သင်္ချာမေးခွန်း တစ်ခုလုံးကို ဆိုလျှင် GeoS သည် ရမှတ်(၅၀၀)ရအောင် ဖြေဆိုနိုင်မည် ဖြစ်ကြောင်း သုတေသီများက ပြောသည်။ ထိုနှုန်းသည် ၂၀၁၅ ခုနှစ် SAT စာမေးပွဲတွင် အမေရိကန် တစ်နိုင်ငံလုံး ပျမ်းမျှရမှတ်နှုန်း ဖြစ်သည်။
          Allen Institute for Artificial Intelligence နှင့် ၀ါရှင်တန် တက္ကသိုလ်မှ သုတေသီများ ပူးပေါင်းကာ GeoS ကို ဖန်တီးထားခြင်း ဖြစ်သည်။
          GeoS  ကွန်ပျူတာဉဏ်ရည် စနစ်သည် သမားရိုးကျပုံစံတူ ထပ်တူ ပြုပြီး အဖြေထုတ်သည့် ကွန်ပျူတာ စနစ်မျိုးမှ လမ်းခွဲထွက်ကာ ကွန်ပျူတာကို လူသားကဲ့သို့ စဉ်းစားဆက်စပ် အဖြေထုတ်တတ်အောင် ဖန်တီးထားကြောင်း သိရသည်။
Source: Daily Mail
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment