ဂျပန်နိုင်ငံတွင် ရောင်းချနေသော ခံစားချက် ဖော်ပြနိုင်သည့် Pepper စက်ရုပ်လေးများကို ၀ယ်ယူသူများ အနေဖြင့် စက်ရုပ်ကို လိင်ကိစ္စအတွက် အသုံးမချပါဟု ခံဝန်ကတိ သဘောတူ လက်မှတ်ထိုးပြီးမှ ၀ယ်ယူခွင့် ရကြကြောင်း သိရသည်။
ယခင်က ရောင်းချထားသော Pepper စက်ရုပ်လေးများကို ဆော့ဖ်ဝဲ ပြင်ဆင်ရေးသားကာ စက်ရုပ်ရင်ဘတ်က ဖန်သားပြင်တွင်လည်း အမျိုးသမီး ရင်သားပုံ ဖော်ကာ ထိုနေရာကို ထိကိုင်လိုက်လျှင် စက်ရုပ်သည် ညည်းတွား ပြအောင် ဖန်တီးထားမှုများ ရှိလာသဖြင့် Pepper ကို ရောင်းချနေသော Softbank ကုမ္ပဏီသည် စက်ရုပ်ဝယ်ယူသူများ လိုက်နာရမည့် စည်းကမ်းချက် များထဲတွင် လိင်ကိစ္စအလို့ငှာ အသုံးချခြင်း မပြုရဟု အသစ်ထည့်သွင်း သတ်မှတ်လိုက်ရသည်။
Pepper တစ်ရုပ်လျှင် ဒေါ်လာ နှစ်ထောင်နီးပါး ကျသင့်သည်။ ငှားမည်ဆိုလျှင် တစ်လကို ဒေါ်လာ လေးရာနီးပါး ကျသင့်မည်။ ယခုလို ဖြစ်ပွားလာမှု များကြောင့် လူသားတို့သည် စက်ရုပ်များနှင့် ချစ်ကြိုက်မိဖို့ သိပ်မလိုတော့ဟု ပညာရှင်များ ဟောကိန်း ထုတ်ထားခြင်းနှင့်လည်း ကွက်တိကျနေသည်။
Pepper စက်ရုပ်သည် ပိုင်ရှင်၏ စိတ်ခံစားချက်ကို နားလည်ကာ အလိုက်သင့် တုံ့ပြန်နိုင်စွမ်းရှိပြီး စကားစမြည်လည်း အပြန်အလှန် ပြောနိုင်စွမ်း ရှိသောကြောင့် သက်ကြီးရွယ်အိုများ အတွက်လည်း အဖော်ရသည်။ Pepper သည် ကိုယ်ချင်းစာစိတ်၊ ချစ်စိတ်ကိုလည်း ပြသနိုင်သည်။
Source: Daily Mail
The Messenger
0 comments:
Post a Comment