![]() |
ဗုံးဖောက်ခွဲမှု ဖြစ်ခဲ့တဲ့ နေရာကို အရေးပေါ် ကားတွေ ရောက်ရှိလာစဉ် (Credit: AFP) |
မနေ့ည ၆ နာရီလောက်မှာ ဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၁ ယောက် သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုဟာ Hezbollah အဖွဲ့တွေ လှုပ်ရှားမှုများတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာပါ။
Hezbollah အဖွဲ့ဟာ ဆီးရီးယား သမ္မတ Bashar al-Assad ကို ထောက်ခံသူ ဖြစ်ပြီး IS အဖွဲ့ကတော့ ဆီးရီးယား သမ္မတကို ဆန့်ကျင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
IS အဖွဲ့ဝင်တွေက မော်တော်ဆိုင်ကယ်ကို အသုံးပြုပြီး ဗုံးဖောက်ခွဲခဲ့တာလို့ IS အဖွဲ့က ပြောဆိုလိုက်ပါတယ်။
လက်ဘနွန်ရဲတွေကတော့ ခြေကျင်နဲ့ လူနှစ်ယောက်က ဗုံးတွေ တပ်ဆင်တဲ့ အကျီင်္ကို ဝတ်ဆင်ပြီး လူသွားလူလာများတဲ့ နေရာမှာ အသေခံ ဗုံးဖောက်ခွဲခဲ့တာလို့ ပြောပါတယ်။
Hezbollah အဖွဲ့ကတော့ IS လို အကြမ်းဖက် သမားတွေကို မြေလှန်တိုက်ခိုက်သွားမယ်လို့ ပြန်လည် ကြုံးဝါးလိုက်ပါတယ်။
အခင်းဖြစ်ပွားတဲ့ နေရာကို ရောက်ရှိနေတဲ့ အေဘီစီ သတင်းထောက် Matt Brown ကတော့ သွေးအိုင်တွေ၊ မှန်စတွေ၊ အပျက်အစီးတွေကို အများအပြား တွေ့ရတယ်လို့ ပြောပါတယ်။
လက်ဘနွန် ဝန်ကြီးချုပ်က သောကြာနေ့ကို ဝမ်းနည်းအောက်မေ့ဖွယ်ရာ နေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment