လူနေတိုက်ခန်းတစ်ခုပေါ်သို့ ဂျက်လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ လူ ကိုးဦးသေဆုံး


အိုဟိုင်းယိုး ၊ ၁၃-၁၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုးမြို့ ရှိ လူနေတိုက်ခန်း တစ်ခုပေါ်သို့ ဂျက်လေယာဉ်ငယ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ် ပေါ်တွင် လိုက်ပါ လာသော လူကိုးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။

အဆိုပါ ဂျက်လေယာဉ် သည် နိုဝင်ဘာ ၁၁ ရက်က ပျံသန်းလာစဉ် အရာဝတ္ထု တစ်ခုနှင့် တိုက်မိခဲ့ ရာမှ လေယာဉ်ရှိ လျှပ်စစ် ဝိုင်ယာကြိုး ပြတ်တောက်ကာ မီးတောက်များ ဖြာထွက် ခဲ့ပြီးနောက် လူနေတိုက်ခန်း ပေါ်သို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အိုဟိုင်းယိုး ပြည်နယ် အဝေးပြေး ကင်းလှည့် အဖွဲ့မှ အရာရှိ ဘေးလ်ဟေး မိတ်ကာ က ပြောကြား ခဲ့သည်။

လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး နောက် အဆိုပါ တိုက်ခန်းအနီးရှိ အိမ်များ မီးလောင်ကျွမ်း ခဲ့သည့်အပြင် လေယာဉ် မှာလည်း ပေါက်ကွဲ၍ အစိတ်စိတ် အမြွှာမြွှာ ပျက်စီး ခဲ့ကြောင်း သိရသည်။

Hawker H25 အမည်ရှိ အဆိုပါ လေယာဉ် ပျက်ကျမှုကြောင့် လူကိုးဦး သေဆုံးခဲ့ သော်လည်း စုံစမ်း စစ်ဆေးရေး အရာရှိ များသည် ၄င်းလေယာဉ် ပေါ်တွင် လူမည်မျှ လိုက်ပါလာသည်ကို အတည်ပြုရန် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment