အောင်လံ နိုဝင်ဘာ ၁၃
အောင်လံမြို့မြောက်ဘက် မြို့ အဝင် မောင်းတံဂိတ်အနီး ကြက်ရုံးကြီး ကျေးရွာသို့သွားသော ရေနံတူးဖော်ရေး ကျောက်လမ်းတွင် နိုဝင်ဘာ ၁၁ ရက် နံနက် ၈ နာရီခန့်က သမီးရည်းစား နှစ်ဦးချိန်းတွေ့ရာမှ အဆင်မပြေ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မxxxxက တရော် ကုန်းရပ်ကွက်တွင် နေသူသည် ဆိုင်ကယ် မီးလောင်ပြီး ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုကြရာ မxxxxအား လည်ပင်း အောက် ခန္ဓာကိုယ်အနှံ့ မီးလောင် ထားသည့်ဒဏ်ရာများနှင့်တွေ့ရပြီး စုံစမ်းမေးမြန်းရာ နယူးအောင်လံ ကားဂိတ်မှ ရည်းစားဖြစ်သူ ဇော်ဦး မကွေးမြို့နေသူနှင့် ချိန်းတွေ့ကြစဉ် ဇော်ဦးက လက်ထပ်ပေါင်းသင်းရန် ပြောသောအခါ မိဘများနှင့်မခွဲလို၍ လက်ထပ်ခြင်း မပြုလိုသေးကြောင်း ငြင်းဆိုသဖြင့် ဇော်ဦးက ဆိုင်ကယ် တွင်အသင့်ပါလာသော ဓာတ်ဆီဖြင့် နှစ်ဦးစလုံးလောင်းပြီး မီးရှို့ခဲ့ရာ မီးကူးစက်လောင်ကျွမ်းပြီး ဒဏ်ရာများ ရရှိခဲ့သဖြင့် မxxxxက ပတ်ဝန်းကျင်ကို အော်ဟစ်အကူ အညီတောင်းရာ ဇော်ဦးမှာဆိုင်ကယ် နှင့် ထွက်ပြေးသွားခဲ့သည်ဟု သိရပြီး ဇော်ဦးအား အောင်လံမြို့မ ရဲစခန်းက အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
သင်းလွင်(အောင်လံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment