ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲမှာ မဲအနိုင်ရနေတာအပေါ် ပြည်ပနိုင်ငံခေါင်းဆောင်တွေကလည်း ဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံကိုအသွား လမ်းမှာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီက ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ဂုဏ်ပြုစကား ပြောခဲ့ပြီး အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားတယ်လို့ အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
နောက်အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးစီးသွားတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ မဲခေါင်မြစ်ဝှန်းဒေသ နိုင်ငံများ အစည်းအဝေးအပြီးမှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်းယီက ထုတ်ဖော်ပြောခဲ့ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားကလည်း နိုဝင်ဘာ ၁၂ ရက်နေ့ မနက်က ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ဂုဏ်ပြုစကား ပြောခဲ့ပြီး တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံရောက်ရှိလာဖို့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်းများစွာ မဆုတ်မနစ် ကြိုးပမ်းအနစ်နာခံ ဆောင်ရွက်နေတယ် ဆိုပြီး ချီးကျူးစကား ပြောသွားပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment