နိုဝင်ဘာ ၈ ရက်က ကျင်းပသွားတဲ့ ရွေးကောက်ပွဲ အနိုင်အရှုံး ရလဒ်တွေကို တည်တည်ငြိမ်ငြိမ်လက်ခံဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။
ပါတီနဲ့အတူ အောင်ပွဲခံဖို့ တက်တက်ကြွကြွ လာရောက်စုဝေးတာကို ကျေးဇူးတင်တယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားချက်ကနေ တိုက်တွန်းလိုက်ပါတယ်။
အပြီးသတ်ရေတွက်နိုင်ခြင်း မရှိသေးတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မိမိနေထိုင်တဲ့ နေရာကနေ မဲစာရင်းရလဒ်တွေကို စောင့်မျှော်လက်ခံကြဖို့လည်း ရေးသားထားပါတယ်။
DVB Burmese
0 comments:
Post a Comment