အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသားတိုင်း မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ယူနိုင်ပြီ


 နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေ ရန် မဲဆန္ဒရှင်သက်သေခံ လက်မှတ် များကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးနေပြီ ဖြစ်သည်။

မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသဖြင့် ထုတ်ယူကြရန် တိုက်တွန်းအပ်ပါသည် –

က) မဲစာရင်းပါကြောင်းနှင့် မဲပေးခွင့်ရရှိကြောင်း သေချာခိုင်လုံစေသည်။

ခ) မည်သည့်မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရှိနိုင်မည်။

ဂ) မဲစာရင်းအမှတ်စဉ်ဖော်ပြထားသဖြင့် မဲစာရင်းစိစစ် လက်မှတ်ရေးထိုး ရာတွင် လည်းကောင်း၊ မဲလက်မှတ်ထုတ်ယူရာတွင်လည်းကောင်း လွယ်ကူမြန်ဆန်စေမည်။

ဃ) စိစစ်ချိန်တွင် မှတ်ပုံတင်အစား ဤလက်မှတ်ဖြင့် အထောက် အထားပြသနိုင်မည်။

င) မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမည်။

မဲပေးမည့်ရက်တွင် မဲရုံတစ်ရုံအတွက် မဲပေးမည့် မဲဆန္ဒရှင်ပေါင်း ၃ဝဝ မှ ၃ဝဝဝ အထိရှိနိုင်တဲ့အတွက် မိမိ အမည်စာရင်းကို မဲစာရင်းတွင်ရှာရာတွင်ကြာနေပါသည်။ ဒါကြောင့် မိမိအမည်ကို မဲစာရင်းတွင်ရှာရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန် ကြိုတင်ပြီး မိမိမဲရုံ၊ မိမိ မဲစာရင်းအမှတ်စဉ် တို့ကို မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် ကြိုတင် သိရှိပြီး ပိုမိုမြန်ဆန်စေပါသည်။

ဒါကြောင့် ယနေ့မှ စတင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ် ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုဇယားပြ၍ သွားရောက်ထုတ်ယူကြပါရန် တိုက်တွန်းအပ်ပါသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment