ကလေးဝမြို့နယ်ဂဇက်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း စက်လှေတိမ်းမှောက်

ကလေးဝမြို့နယ် ဂဇက်ကျေးရွာအနီရှိ လောင်းဂရိတ်ကွေ့ အမြန်ယာဉ် တိမ်းမှောက်နစ်မြုတ်ရာ သေဆုံးသူ ခရီးသည်များထဲမှ ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများကို သယ်ဆောင်လာပြီ။ ဓါတ်ပုံ - စစ်ငြိမ်းအောင် (fb)
ကလေးဝမြို့နယ် ဂဇက်ကျေးရွာအနီး လောင်းဂရိတ်ကွေ့တွင် အမြန်ယာဉ်မှောက် အသက်ရှင်ကျန်ရစ်သူများနှင့် ထိခိုက်ဒါဏ်ရာရလူနာများကို ဆေးရုံသို့ ခေါ်ဆောင်လာစဉ်။ ဓါတ်ပုံ - စစ်ငြိမ်းအောင် (fb)
ကလေး၊ နိုဝင်ဘာ ၁

မုံရွာ -ဆယ်ဇင်း(ဟုမ္မလင်း)မြို့နယ်သို့အောက်တိုဘာ ၃၁ရက် မွန်းလွဲ ၁နာရီ အချိန် ထွက်ခွါလာသည့် ရာဇာထွန်း ကုန်တင်ရေယာဉ်တစ်စီး သည် ကလေးခရိုင် ကလေးဝမြို့နယ် ဂဇက်ကျေးရွာအနီးသို့ရောက်ရှိစဉ်နိုဝင်ဘာ ၁ ရက်နေ့ မနက် ၅နာရီခွဲ အချိန်တွင် တိမ်းမှောက် သွားကြောင်း သိရှိရသည်။

ဖြစ်ပွားလျှင်ဖြစ်ပွားခြင်းကျွဲကူးကျေးရွာနှင့်ဂဇက်ကျေးရွာတို့မှ ရွာသူရွာသား များက စက်လှေအကြီး သုံးစင်း အသေး ၂၀စင်းစုစုပေါင်း ၂၃ စင်းဖြင့် ကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက်ခဲ့သည်။

ခရီးသည် ၆၅ ဦးအနက် ၅၃ဦးအားကယ်ဆယ်နိုင်ခဲ့ပြီး ယခုအချိန်အထိ အမျိုးသမီး အလောင်း၎ လောင်းတွေ့ရှိခဲ့ပြီးဖြစ်သည်။ ၆ဦးအားရှာဖွေ ဆဲဖြစ်သည်။

ကယ်ဆယ်နိုင်ခဲ့သည့် ၅၃ ဦး အနက် ၁၇ ဦးမှာမော်တော် ယာဉ်ဖြင့် အထက်ဖက် သို့လည်ကောင်း ၁ ဦးမှာ ကလေးဝမြို့နယ်အင်တုတ်ကျေးရွာသို့ လည်းကောင်း လိုက်ပါသွားပြီးကျန် ၃၅ ဦးတို့အားမိမိဒေသအသီးသီးသို့ပြန်လည် ပို့ဆောင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါခရီးသည် ၃၅ ဦးအနက် ကျား၁ ဦးနှင့်မတစ်ဦးမှာ ဒဏ်ရာများရရှိသဖြင့်
ကလေးမြို့တပ်မတော်စစ်ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီဖြစ်သည်။

ခရီးသည်၁၁ဦး ကျား ၁၀ ဦးနှင့် မ ၁ ဦး က မုံရွာသို့ ပြန်သွားလိုသဖြင့် ကလေးဝမှ မုံရွာမြို့သို့အခမဲ့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက်မြို့နယ် စီမံခန့်ခွဲမှုကော်မတီက စီမံဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါရာဇာထွန်းကုန်တင်ယာဉ်သည် မုံရွာမြို့မ ခရီးသည် ၇၉ ဦးလိုက် ပါလာပြီး ကလေးဝ ဆိပ်ကမ်းတွင်ခရီးသည် ၁၄ ဦးဆင်းသွားသဖြင့် တိမ်းမှောက်မှုဖြစ်စဉ်တွင်ခရီးသည် ၆၅ ဦး သာရှိကြောင်းသိရှိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တိုင်းဒေသကြီး အစိုးရစည်ပင်ဝန်ကြီး ဒကစမှူး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့မှကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ကလေးခရိုင် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment