ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၃၃၈၃ နှင့် မဲရုံပေါင်း ၁၀၃ ရုံရှိသည့် ခင်ဦးမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၇၅ ရာခိုင်နှုန်းခန့် အနိုင်ရရှိနေ

ခင်ဦးမြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးအား ယခု နိုဝင်ဘာ ၉ ရက် နံနက် ၁ နာရီခွဲ အချိန်က တွေ့ရစဉ်
ခင်ဦးမြို့နယ် မဲဆန္ဒနယ်တွင် မြို့ပေါ် ငါးရပ်ကွက်ဖြစ်သည့် မြကန်သာ၊ အောင်သီရိ၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ မြနန္ဒာ ရပ်ကွက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး လက်ရှိအချိန်အထိ ကျေးရွာအချို့တွင် မဲဆန္ဒလက်မှတ်များ ရေတွက်နေဆဲဖြစ်သည်။

လတ်တလော ရရှိထားသည့် မဲရလဒ်များအရ ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၁၃၃၈၃ ရှိရာ ဆန္ဒမဲ လာရောက်ပေးသူ ၁၀၀၀၀ သိန်းကျော်ခန့်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

လက်ရှိအချိန်တွင် မဲရုံပေါင်း ၁၀၃ ရုံအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ မဲရုံပေါင်း ၈၀ ကျော်ခန့်အား မဲအပြတ်အသတ်ဖြင့် အနိုင်ရပြီးဖြစ်ကြောင်း ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ စုံစမ်းသိရသည်။

ယင်းအပြင် ခင်ဦးမြို့နယ် မဲဆန္ဒနယ် အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ခဲ့ခြင်း မရှိခဲ့သည့် ကျေးရွာအချို့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် မဲရလဒ်မှာ အနည်းငယ်သာ ကွာခြားကြောင်း သိရသည်။

ခင်ဦးမြို့နယ် ကော်မရှင်ရုံးတွင်လည်း မဲရလဒ်များ ရေတွက်နေဆဲဖြစ်ပြီး ဒေသခံများမှလည်း ညလုံးပေါက် စောင့်ကြည့်မှုများ ရှိနေကြသည့်အပြင် ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၇၅ ရာခိုင်နှုန်းခန့် အနိုင်ရရှိပြီးဖြစ်ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲထံမှ သတင်းရရှိသည်။
See more at http://www.news-eleven.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment