‘‘ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ ရခိုင်အမျိုးသား ပါတီက နေရာအားလုံးနီးပါး အနိုင်ရခဲ့ပေမယ့် ပါတီခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာအေးမောင် ရှုံးနိမ့်သွားတာတော့ အရမ်းခံစားရပါ တယ်။ စိတ်မကောင်းလည်းဖြစ်မိပါတယ်’’ဟု မြောက်ဦးမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦးကပြောသည်။
ရွေးကောက်ပွဲတွင်မအောင် မြင်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်သော်လည်း ပြည်သူများ၏ ရွေးချယ်မှုသာဖြစ်၍ ရှုံးနိမ့်ခြင်းကိုလက်ခံရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်ကပြောသည်။
‘‘ဒေါက်တာ အေးမောင်ကို နိုင်ငံရေးသမား ခေါင်းဆောင်တစ် ယောက်အနေနဲ့ လေးစားပါတယ်။ ဒါပေမဲ့ မာန်အောင်မြို့မှာ ဒေါက် တာအေးမောင် မဲဆွယ်စည်းရုံးတဲ့ အခါ သူဝင်ပြိုင်မယ့် တောင်ပိုင်း တစ်ခုတည်းကိုပဲ မဲဆွယ်မှုများခဲ့ ပြီး မြို့ပေါ်နဲ့ မြောက်ပိုင်းဘက်ကို မဲဆွယ်တာအားနည်းခဲ့ပါတယ်။ အဲဒီအတွက် ပြည်သူအများစုက ဒီချုပ်ကို မဲအများဆုံးပေးခဲ့တာ ဖြစ်ပါလိမ့်မယ်’’ဟု မာန်အောင်မြို့ခံ ဒေါ်သော်တာဝင်းက သုံးသပ် သည်။ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ပြိုင် ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားလှယ်လောင်းဦးဘိုး နွဲ့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
7day daily
0 comments:
Post a Comment