![]() |
အမေရိကန် စစ်လေယာဉ်တွေကို တောင်တရုတ်ပင်လယ်ပြင်ပေါ် ပျံသန်းခဲ့တယ်လို့ဆို (Credit: Getty Images) |
နိုင်ငံတကာ ပိုင်နက်မှာ ပျံသန်းတာ ဖြစ်လို့ တရုတ်ထိန်းချုပ်ရေး ဌာနက ဆက်သွယ်မှု လုပ်ခဲ့ပေမယ့် ဆက်လက်ပျံသန်းခဲ့တယ်လို့ Pentagon စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Peter Cook က ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့ညတုန်းက Spratly ကျွန်းအနားမှာ ပျံသန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် APEC ညီလာခံကို မသွားရောက်ခင်မှာ အမေရိကန် လေတပ်က အခုလို ပျံသန်းတာလည်း ဖြစ်ပါတယ်။
APEC အစည်းအဝေးမှာ နိုင်ငံတကာ ရေပိုင်နက်နဲ့ ဝေဟင်ပိုင်နက်မှာ အမေရိကန်က လွှတ်လပ်စွာ သွားရောက်ခွင့် ရှိကြောင်း ဆွေးနွေးနိုင်တယ်လို့ ပြောဆိုကြပေမယ့် အိမ်ဖြူတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest ကတော့ အဲဒီအကြောင်းကို ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးကြမလားဆိုတာ မသေချာဘူးလို့ ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ နေရာမှာ တရုတ်က ကျွန်းအတုတည်ဆောက်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်က မကြာသေးခင်တုန်းကပဲ ကျွန်းတုအနားမှာ စစ်သင်္ဘော ဖြတ်မောင်းသွားတာမျိုး လုပ်ခဲ့ပါတယ်။
အဲဒီလို လုပ်ဆောင်မှုကို တရုတ်က ကန့်ကွက်လိုက်ပြီး အမေရိကန် သံအမတ်ကို ဆင့်ခေါ်တဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment