ကျောက်တန်းမြို့နယ်မှာ အမျိုးသမီးတစ်ဦး ဘာကြောင့် ကြိုးဆွဲချသေတာလဲ


 ကျောက်တန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှုအား စစ်ဆေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

၁၁.၁၁.၂၀၁၅ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် ကျောက်တန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ပါဒကြီး ကျေးရွာတွင် အမျိုးသမီးတစ်ဦး နေအိမ်တွင်
သေဆုံးနေကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး
ရာ ၎င်းကျေးရွာနေ အသက်(၂၉)နှစ်အရွယ် အမျိုးသမီးမှာ လည်ပင်း၌ကြိုးပွန်း
ဒဏ်ရာရရှိထားပြီး အခြားပြင်ပဒဏ်ရာများ မတွေ့ရှိရဘဲ ကြိုးဆွဲချသည့်
လက္ခဏာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ခင်ပွန်းဖြစ်သူအား စစ်မေးချက်အရ သေဆုံးသူ
သည် လွန်ခဲ့သော ရက်(၂၀)ကျော်ခန့်မှစ၍ ကျန်းမာရေးမကောင်းသဖြင့်
ဆေးခန်းတွင် အပတ်စဉ်ပြသကာ ကုသမှုခံယူနေသူဖြစ်ကြောင်း၊ ယင်းနေ့
၁၂၀၀ အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူမှ ညီဖြစ်သူ၏နေအိမ်သို့ ဟင်းသွားယူခဲ့ပြီး
နေအိမ်သို့ပြန်ရောက်စဉ် နေအိမ်တံခါးချက်ချထား၍ ပွင့်နေသောပြူတင်းပေါက်
မှ အတွင်းသို့ကြည့်ရှုရာ နေအိမ်ထုတ်တန်း၌ ဇနီးဖြစ်သူမှာ နိုင်လွန်ကြိုးဖြင့်
ကြိုးဆွဲချကာ ဒူးထောက်ကျနေသည်ကို တွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူမှ
ခြေရင်းဘက်အိမ်နေ အမျိုးသမီးအား အကူအညီတောင်းခံခေါ်ယူကာ နေအိမ်
နောက်ဖေးပေါက်မှ တက်ရောက်ခဲ့ပြီး ဇနီးဖြစ်သူအား ပွေ့မ၍ ကြိုးဖြေပေးခဲ့
ကြောင်း၊ ယင်းအချိန်ထိ ဇနီးဖြစ်သူမှာ အသက်ရှူနေသေးသဖြင့် ညီဖြစ်သူ၏
မော်တော်ယာဉ်ဖြင့် သန်လျင်ဆေးရုံသို့ပို့ဆောင်စဉ် စက်မှုကျောင်းရှေ့သို့
အရောက် သေဆုံးသွားခဲ့သဖြင့် နေအိမ်သို့ ပြန်လည်သယ်ဆောင်လာခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းအမျိုးသမီး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ကျောက်တန်းမြို့မရဲစခန်းမှ
သေမှုသေခင်းအမှတ်စဉ်(၂၀/၂၀၁၅)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိပြီး
သေဆုံးသူ၏ရုပ်အလောင်းအား ရဲဆေးစာဖြင့် ကျောက်တန်းဆေးရုံမှတစ်ဆင့်
ရန်ကုန်ဆေးရုံကြီးသို့ပို့အပ်ခဲ့ရာ PR-003 ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment