Fatima Elomar က အကြမ်းဖက်မှုမှာ ထောက်ပံ့ကူညီတာတွေ လုပ်ခဲ့တယ်လို့ တရားရုံးမှာ ဝန်ခံ (Credit: AAP)
|
Fatima Elomar ရဲ့ ခင်ပွန်းသည်ကတော့ IS မှာ လှုပ်ရှားရင်း သေဆုံးသွားပြီလို့ ယူဆနေကြပါတယ်။
အသက် ၃၁ နှစ်အရွယ် Fatima Elomar က အရင်နှစ် မေလတုန်းကပဲ ကလေး ၄ ယောက်နဲ့ မလေးရှားနိုင်ငံကို လေယာဉ်နဲ့ သွားဖို့ စီစဉ်နေတုန်းမှာပဲ သြစတြေးလျ နိုင်ငံက အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Fatima ကို ဆေးဝါးတွေ၊ ငွေသားတွေအပြင် camouflage အသုံးအဆောင်တွေနဲ့အတူ ဖမ်းမိတာ ဖြစ်ပါတယ်။
အခုအချိန်အထိ အာမခံနဲ့ လွှတ်ထားပြီး လာမယ့်နှစ် ဧပြီလ ၁ ရက်ကြမှ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။
Fatima ရဲ့ ခင်ပွန်းဟာ IS အဖွဲ့မှာ အရာရှိ တစ်ဦးလို့ သုံးသပ်နေကြပြီး ဇွန်လတုန်းက သေဆုံးသွားတာလို့ ယူဆနေကြပါတယ်။
သူဟာ Yazidi ဘာသာဝင် အမျိုးသမီးတွေကို ကျွန်ပြုသူတွေထဲမှာ ပါဝင်တယ်လို့လည်း ယူဆနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment