ဓားစာခံ ဆီးရီးယားကလေးငယ် ၂ဝဝ ကို ISIS အဖွဲ့ပစ်သတ်


ဒမတ်စကတ် ၊ ၁၂-၁၁-၂ဝ၁၅

ISIS စစ်သွေးကြွ အဖွဲ့က ဓားစာခံ ဆီးရီးယား ကလေးငယ် ၂ဝဝ ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် ထားသည့် ဗီဒီယိုဖိုင် တစ်ခုကို တက်ကြွ လှုပ်ရှားသူ အဖွဲ့က ထုတ်ဖော်ပြသ ခဲ့ကြောင်း နိုဝင်ဘာ ၁ဝ ရက် ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဗီဒီယိုပြကွက်ကို ယီမင် အခြေစိုက် ISIS တိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူများက ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၄င်းဗီဒီယိုသည် ကလေးငယ် ၂ဝဝ ခန့်အား စစ်သွေးကြွ များက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် ခဲ့ပုံကို မှတ်တမ်းတင် ရိုက်ကူး ထားကြောင်း သိရသည်။

အဆိုပါ ဗီဒီယို ပြကွက်တွင် ISIS စစ်သွေးကြွ များသည် ဖမ်းဆီးထားသည့် ကလေးငယ် များအား မြေပြင်ပေါ်သို့ မှောက်စေခဲ့ပြီး နောက် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်းပြကွက် များကို ဆီးရီးယားနိုင်ငံ ရှိ တက်ဘ်ကာ လေတပ်စခန်း အနီး၌ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် ရိုက်ကူးခဲ့ကြောင်း ဖော်ပြချက်များ အရ သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment