![]() |
Silvan မြို့မှာ တွေ့ရတဲ့ စစ်ကားများ (Credit: AFP) |
Silvan မြို့ကို တူရကီ စစ်သားတွေက ထိုးစစ်ဆင်တာ ဖြစ်ပြီး ရဟတ်ယာဉ်တွေ၊ တင့်ကားတွေရဲ့ အကူအညီနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဒီထိုးစစ်ဆင်မှုကြောင့် Kurdish လူမျိုး မြို့ခံ အယောက်ပေါင်း ကိုးသောင်းလောက် အစားအစာ၊ ရေနဲ့ လျှပ်စစ်မီး မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပြီလို့ မြို့အာဏာပိုင်က ပြောပါတယ်။
တူရကီ စစ်တပ်က လူအစုလိုက် အပြုံလိုက်ကို သတ်ဖြတ်ဖို့ ကြိုးစားနေသလိုပဲလို့လည်း စွပ်စွဲလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်သား တစ်ယောက် ကျဆုံးပြီး လေးယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
Kurdish သူပုန်ဘက်က ၅ ဦး ကျဆုံးခဲ့ပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ တူရကီ အစိုးရက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာပဲ Mardin ဒေသမှာ Kurdish သူပုန်တွေက ကားဗုံးတစ်လုံး ဖောက်ခွဲခဲ့လို့ ရဲတစ်ဦး ဒဏ်ရာရပြီး စည်ပင်အမှုထမ်းတစ်ယောက် သေဆုံးခဲ့ရပါတယ်။
အင်္ဂါနေ့တုန်းကတော့ ခရီးသွားနေတုန်း တိုက်ခိုက်ခံရတဲ့အတွက် တူရကီရဲ ၃ ဦး သေဆုံးခဲ့ရပါတယ်။
ဇူလိုင်လကစပြီး တူရကီ တပ်နဲ့ Kurdish သူပုန်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ပြီးတဲ့နောက် တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment