ရှားတောအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ဦးအောင်မင်းအား NLD ကိုယ်စာလှယ်လောင်း ဦးအောင်ကျော်စိုးက အနိုင်ရရှိ


 နိုဝင်ဘာလ(၈) ရက်နေ့ ရက်နေ့မနက် (၆)နာရီမှစတင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှားတောမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလကိုယ် စာလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြီုင်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား (၆၆၂) မဲအသာဖြင့် NLD လွှတ်တော်ကိုယ်စာလှယ်လောင်း ဦအောင်ကျော်စိုး ကအနိုင်ရရှိသွားကြောင်း လက်ရှိ မဲစာရင်းများအရ သိရသည်။

လက်ရှိ ရှားတောမြို့နယ်တွင် မဲရုံပေါင်း(၉)ရုံရှိပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် NLD အမျိုးသားလွှတ်တော် ကိုယ်စာလှယ်လောင်း ဦးအောင်ကျော်စိုးက စုစုပေါင်း(၁၄၂၀)မဲရရှိပြီး တသီးပုဂ္ဂလကိုယ် စာလှယ်လောင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက (၇၅၈)မဲ ရရှိပြီး (၆၆၂)မဲကွာဖြင့် ဦးအောင်မင်းက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ရှားတောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)တွင် တသီးပုဂ္ဂလဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဌေးရယ်၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဒေါ်ပိုးမြာ၊ကယားလူမျိုးစုဒီမိုကရေစီပါတီမှ ဦးရောဘက်ညေးရယ် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှဦးအောင်ကျော်စိုးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် NLD ကိုယ်စာလှယ်လောင်းက အနိုင်ရရှိနေသလို ပြည်သူ့လွှတ်တော် ၊ပြည်နယ်လွှတ်တော်တို့တွင်လည်း လက်ရှိအခြေနေအရ အနိုင်ရရှိနေကြောင်းသိရသည်။

ဆန်းဖြိုးထွန်း

Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment