ပင်လယ်ရေအောက်ရှုခင်းများ ကြည့်ရှုနိုင်မည့် ရေအောက်အသက်ရှူကိရိယာဖြင့် ရေငုပ်ခြင်း (Scuba Diving)ကို ငွေဆောင်ကမ်းခြေ၌ စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း Myanmar Dive Center ကုမ္ပဏီမှ သတင်းရရှိသည်။
‘‘ကမ်းခြေကနေ နာရီဝက်ကျော်လောက် သင်္ဘောငယ်နဲ့သွားပြီး ရေအနက်ပေ ၆၀လောက်ရှိတဲ့နေရာမှာ ရေငုပ်နိုင်ဖို့အတွက် ဝန်ဆောင်မှုပေးသွားမှာပါ။ ကမ်းခြေကို လာပြီးလည်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေက ပိုပြီး စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်’’ဟု Myanmar Dive Cen-ter ကုမ္ပဏီမှ မန်နေဂျာကိုရှုပသက်ဝေကပြောသည်။
Myanmar Dive Center သည် ပင်လယ်ရေအောက်တွင်ရေငုပ်၍ ရှုခင်းများကြည့်ရှုခြင်းကို လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂၀နှုန်းဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလျှင် အနည်းဆုံးလူနှစ်ဦးမှ အများဆုံး လူခြောက်ဦးခန့်သာ လက်ခံပေးမည်ဟုဆိုသည်။
‘‘ဒေါ်လာ ၁၂၀က ရေငုပ်တဲ့ ခရီးစဉ်တစ်ခုလုံးအတွက်အပြီးအစီးစရိတ်ဖြစ်ပါတယ်။ အဲဒီမှာရေငုပ်တဲ့အခါမှာ အဆင်ပြေစေဖို့ လမ်းညွှန်ပေးမယ့် Guide တစ်ယောက်လည်းထားပေးမှာဖြစ်သလို ရေငုပ်ပြီးရင် စားသုံးနိုင်ဖို့အသီးအနှံနဲ့ ရေဘူးတွေကိုလည်း သင်္ဘောပေါ်မှာ အခမဲ့စီစဉ်ပေးထားပါတယ်’’ဟု ကိုရူပသက်ဝေက ပြောသည်။
ပင်လယ်ရေအောက်ရှုခင်းများ ကြည့်ရှုခြင်းကို ငွေဆောင်ကမ်းခြေအနီးငှက်ကျွန်းနှင့်တောင်ကြားရှည်နှစ်နေရာတွင် စီစဉ်ပေးထားကာ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည့်အသက်ကယ်ပစ္စည်းများကိုလည်း အသင့်ထား
ရှိပေးမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Dive Centerကို ငွေဆောင်ကမ်းခြေရှိ Sunny Paradise ဟိုတယ်အနီးတွင် ဖွင့်လှစ်ထားသည်။
7day daily
0 comments:
Post a Comment