ကိုးလအတွင်း ဓာတ်လိုက်မှုပေါင်း ၁၅၂ မှု ဖြစ်ပွားပြီး သေဆုံးသူ ၁၄၀ ရှိ


ရန်ကုန်မြို့ရှိ လူနေအိမ်များသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်တိုင်များအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

    ၂၀၁၅-၂၀၁၆ ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း ဓာတ်လိုက်မှုပေါင်း ၁၅၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၄၀ သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ဓာတ်လိုက် မှုပေါင်း ၂၄၄ မှု ဖြစ်ပွားခဲ့ပြီး ၂၀၅ ဦး အသက်ဆုံးရှုံးကာ ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။

ဓာတ်လိုက်မှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ဗို့အားမြင့် ကောင်းကင်ဓာတ်အားလိုင်းမှ ဓာတ်လိုက်မှု ဖြစ်ပွားခြင်း၊ အလတ်စားဗို့အား နှင့် အနိမ့်စားဗို့အား မှ ဓာတ်လိုက်မှု ဖြစ်ပွားခြင်း၊ အိမ်သွယ် ဆားဗစ်ကြိုး မှ ဓာတ်လိုက်မှု ဖြစ်ပွားခြင်း၊ အိမ်တွင်း ဝိုင်ယာကြိုး သွယ်တန်းမှု နှင့် အိမ်တွင်း လျှပ်စစ် ပစ္စည်းများ မှ ဓာတ်လိုက်မှု ဖြစ်ပွားခြင်း၊ စက်ရုံ အလုပ်ရုံ နှင့် လုပ်ငန်းခွင်များတွင် ဓာတ်လိုက်မှု ဖြစ်ပွားခြင်း စသည့် နေရာစုံ နယ်ပယ်စုံတို့၌ ဓာတ်လိုက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment