ဦးသိန်းစိန်လက်ထက် တစ်ဦးချင်း ဝင်ငွေ ၆၂.၅ ရာခိုင်နှုန်း တိုးတက်


မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ကို တွေ့ရစဉ် Photo: President Office Website
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေဟာ ဒေါ်လာ ၈၀၀ လောက် ရှိရာကနေ လက်ရှိအချိန်မှာ တစ်ဦး ပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၃၀၀ လောက်အထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တယ် လို့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ မနေ့က  လူထုနဲ့ တွေ့ဆုံပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသွား တာဖြစ်ပါတယ်။

"ကျနော် ၅ နှစ်ပြည့်ခါနီးတော့ ကျနော်သုံးသပ်တယ်၊ ဆင်းရဲမှုပပျောက်ရေးအတွက် ၂ဝ၁ဝ၊ ၂ဝ၁၁ မှာ ပြည်သူလူထုရဲ့ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၈ဝဝ လောက် ပဲရှိတယ်၊ အခု ဒေါ်လာ ၁၂၇ဝ ရှိတယ်လို့ပြောတယ်၊ အကြမ်းအားဖြင့် ဒေါ်လာ ၁၃ဝဝ၊ ဒါပြည်သူတွေ ဝင်ငွေတိုးလာတယ် လို့ ပြောချင်တာ၊ ဒီမိုကရေစီ စံနှုန်းကိုသွားတာလဲ ကျနော်ဒီလိုပဲ တိုင်းတာတယ်"

ဒါ့အပြင် ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ အစိုးရသစ် စတက်ချိန်က ဆင်းရဲမွဲတေမှု အခြေအနေ ဟာ  လူတစ်ရာမှာ ၂၆ ယောက် ရှိရာကနေ အခုမှာတော့ လူတစ်ရာမှာ ၁၈ ယောက်နှုန်း အထိ လျှော့ချနိုင်ခဲ့တယ် လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment