ငွေကျပ် ၈၅ဝ နှင့်အတူ ဖမ်းမိတဲ့ အမျိုးသမီးဖဲဝိုင်း ထောင်ဒဏ်နှစ်နှစ်ချ


 အမျိုးသမီးဖဲဝိုင်း ထောင်ဒဏ်နှစ်နှစ်ချ

နွားထိုးကြီး (၂)ရပ်ကွက် အမျိုးသမီးများဖဲဝိုင်းကို အိမ်ဒိုင် ထောင်ဒဏ် နှစ်နှစ်နှင့် လောင်းကစားသူတို့ကို ထောင်ဒဏ် ကိုးလစီ ဖြင့် ယမန်နေ့က နွားထိုးကြီးမြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ် လိုက်သည်။

အမှုမှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁၅ရက်တွင် ရဲအုပ်အောင်စိုးနှင့် အဖွဲ့က သတင်းအရ (၂)ရပ်ကွက် ဒေါ်မာမာ(၄၅နှစ်) အိမ်ဖဲဝိုင်းကို ဝင်ဖမ်းရာ ဒေါ်သန်းကြည်(၆၄နှစ်)၊ လွင်လွင်ဦး(၄၂နှစ်)၊ ခင်ဆွေဝင်း (၃၈နှစ်)တို့ လေးဦးကို လောင်းကြေးငွေကျပ် ၈၅ဝ နှင့်အတူ လောင်းကစားပစ္စည်းများဖြင့် ဖမ်းမိခြင်းဖြစ်သည်။

နွားထိုးကြီး မြို့မရဲစခန်းက ပ ၁၄၇/၂ဝ၁၅ ပုဒ်မ ၁၃(က)/၁၄ (က)ဖြင့် အမှုစစ် ရဲအုပ်အောင်ခိုင်အေးက ရုံးတင်တရားစွဲဆိုခြင်း ဖြစ်သည်။ နွားထိုးကြီးမြို့နယ်တရားရုံးက အိမ်ဒိုင်ဒေါ်မာမာ (၂)ရပ် ကွက်ကို အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်၊ ဒေါ်သန်းကြည် (၃)ရပ် ကွက်၊ လွင်လွင်ဦး(၁)ရပ်ကွက်၊ ခင်ဆွေဝင်း(၂)ရပ်ကွက်တို့အား အလုပ်နှင့်ထောင်ဒဏ် ကိုးလစီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

အိမ်ဒိုင် ဒေါ်မာမာမှာ အကောက်ရလို၍ ဖဲဝိုင်းထောင်စဉ် အဖမ်း ခံရခြင်းဖြစ်ပြီး ယင်းကဲ့သို့ပြစ်ဒဏ်များကျသွားခြင်းဖြစ်သည်။

ဌေးမြင့်မောင်
he Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment