ဟာသက သူ့အတွက် အခက်အခဲ ဖြစ်စေတယ် ဆိုသူ စိုင်းလွှမ်း


အဆိုတော်၊ သရုပ်ဆောင်စိုင်းလွှမ်း က ခုလက်ရှိ မှာတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ The SELFIE ဇာတ်ကားမှာ ရာဇာနေ ဝင်း၊ ခင်ဝင့်ဝါ တို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီကားလေးက ဟာသ ကားဖြစ်ပြီး စိုင်းလွှမ်းရဲ့ ၁ဝကား မြောက် ဗီဒီယို ဇာတ် ကားပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်း က ဒရာမာ အက်ရှင် နဲ့ ဖန်စီကားတွေ ကိုပဲ ဆက် တိုက်ရိုက်ကူး လာခဲ့တာဖြစ်တဲ့အတွက် ဒီဟာသ ကားလေးက သူ့အတွက် အခက်အခဲဖြစ် စေပြီး ဒီလို အခက်အခဲဖြစ်ခြင်း ကလည်း သူ့ရဲ့ပြင်ပ နေထိုင်မှု ပုံစံကိုက အနေအေးတဲ့ သဘော ရှိနေတာကြောင့်ပါလို့ ပြောပါတယ်။ သရုပ်ဆောင် ပိုင်းကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတယ် ဆိုတဲ့ စိုင်းလွှမ်း က “ကျွန်တော့်ကား တွေက တစ်ကားမှ မထွက်ရသေးပါဘူး။ ပရိသတ်ကို ဘယ်ကား နဲ့ အရင်ဆုံး မိတ်ဆက်ရမလဲ ဆိုတာ ပရိုဂျူဆာတွေ နဲ့ တိုင်ပင်နေပါတယ်။ ပရိသတ် အားပေးမှု ဘယ်လို ရှိမလဲ ဆိုတာ မသိနိုင်ပေမယ့် ကျွန်တော်က အရာ အားလုံးကို အကောင်းဆုံး လုပ်ထားတယ်။ ကျွန်တော့် ကြိုးစားမှုက ၁ဝဝ ရာခိုင်နှုန်းပဲ။ ဒီထက် ကြိုးစားလို့ရရင် ကြိုးစားနေတာပဲ ကျွန်တော်က ဒီကားရိုက်ရင် ဒီစိတ်ပဲ ရှိတယ်။ အမြဲတမ်း ကြိုးစားနေတယ်။ ဖြစ်လာတာ မလာတာ ကတော့ ကျွန်တော် လိုသေးလို့ ပဲဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ဒါတွေကို ဘာမှကြိုတော့ မစဉ်းစားထားဘူး။ ကျွန်တော် လုပ်တဲ့အခါမှာ အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ ကျွန်တော့်ကို သင်ပြပေးတဲ့ ဆရာတွေရှေ့မှာ လည်း လေးလေးစားစား လုပ် တယ်။ သူတို့အပေါ် မှာလည်း အမြဲ respect ရှိတယ်။ သူတို့ကလည်း လိုအပ်တာ ကျွန်တော့်ကို ပြောပြ တယ်။ အဲဒီလိုမျိုး ဆိုတော့ ကျွန်တော့် အတွက်က သိပ်ပြီး ခက်ခက်ခဲခဲ မဖြစ်တော့ဘူးပေါ့နော်။ နောက်ပြီး ကျွန်တော့် ကြိုးစားမှု တစ်ခု နဲ့ ရောလိုက် ရင်တော့ အောင်မြင် လာမှာပဲလေ။ ခုဆို ကျွန်တော် ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို သေချာ ရွေးချယ်နေတယ်။ ကျွန်တော်က အခုမှ အရှိန်စယူ နေတဲ့သူ ဆိုတော့ ပိုပြီး ဂရုစိုက်နေရတယ်။ ကျွန်တော့်ဆီမှာ ဇာတ် တွေ ရှိနေပေမယ့် ကိုယ်နဲ့ လိုက်ဖက်မှုရှိမယ့် မင်းသမီးကိုလည်း ရွေးချယ်နေ ရတယ်။ ကျွန်တော် ကိုယ်တိုင် ကတော့ သရုပ်ဆောင် ပိုင်း မှာ လေ့လာစရာ ရှိတာတွေ လေ့လာနေ မယ်။ အရင်ဆုံး ကျွန်တော်ပြင်ရမယ့် အရာက စကားပြောတာ ကိုပါ။ ကျွန်တော် စကားပြောတာ က တအား မြန်နေတော့ သိပ်ပြီး အဆင်မပြေဘူး။ ဒီတစ်ခု ကိုတော့ မထက်က ဂရုစိုက်ဖို့ ပြောပါတယ်။ မထက် ဆီကလည်း အကြံဥာဏ်တွေ ယူရ တာရှိပါတယ်”လို့ ပြောပါတယ်။
ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment