
ဒါရိုက်တာ ညိုမင်းလွင်က ကိုယ် ရိုက်ချင်တဲ့ ဇာတ်တစ် ဇာတ်ကို အကောင်အထည် ဖော်ရိုက်ကူးနိုင်ဖို့ အတွက် “ညကျောင်း” နာမည်နဲ့ ရုပ်ရှင် ထုတ်လုပ်ရေး တစ်ခုကို စတင် တည်ထောင် လိုက်ပြီဖြစ်ပါတယ်။ ဒီထုတ်လုပ်ရေးကို ညကျောင်း ရုပ်ရှင် ထုတ်လုပ်ရေးလို့ အမည်ပေးဖြစ်ပုံ နဲ့ ထုတ်လုပ်ဖြစ်တဲ့ ရည်ရွယ် ချက်ကို ဒါရိုက်တာ ညိုမင်းလွင် က “ညကျောင်း ထုတ်လုပ်ရေးကို စပြီးလုပ်နေပါပြီ။ ညကျောင်း ရုပ်ရှင် ဗီဒီယိုထုတ် လုပ်ရေးကနေ ရိုက်ကူးမယ့် ဇာတ်ကား ကို ဇူလိုင်လ လယ်လောက်မှာ စရိုက် ဖို့ ကျွန်တော်စဉ်းစားထား ပါတယ်။ ရိုက်ရက် ကတော့ ကျွန်တော် ကြေညာ ထားတဲ့အတိုင်း ၃လ နဲ့ ၅လ ကြားလောက် ကြာပါမယ်။ နောက် ထပ်စိတ်ကူး အသစ် အဆန်း ရှိတဲ့ နောက်ထပ် ညိုမင်းလွင် အသစ်တွေ တွေ့လာခဲ့လို့ ရှိရင်လည်း ဒီထုတ်လုပ်ရေး ကနေ လက်တွဲပြီး တော့ လုပ်မှာ ပါ။ ကျွန်တော် တခြား ထုတ် လုပ်ရေး တွေနဲ့ လည်း အရင်လိုပဲ ရိုက်ကူးသွား မှာပါ။ ဒီထုတ်လုပ်ရေး က စီးပွားရေး အနေနဲ့ လုပ်တာလည်း မဟုတ်ပါဘူး။ ညကျောင်း ထုတ်လုပ်ရေး နဲ့ ရိုက်မယ့် ဇာတ် ကတော့ ကျွန်တော်လေ့လာ ကြည့်ထား သလောက်တော့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောက နဲ့ ဗီဒီယိုမှာ ပထမဆုံးရုပ်ရှင် အမျိုးအစား တစ်ခု ဖြစ်လာပါလိမ့် မယ်။ မေလ ၃၁ ရက် နေ့မှာ ပြည့်ပြည့်စုံစုံ ကြေညာပေးပါမယ်။ ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်ချက်ချပြီး လုပ်လိုက်တဲ့အခါ ကျတော့ ဒီထုတ်လုပ်ရေး ကို နာမည် ပေးဖို့ လိုအပ်လာပြီ။ ဘာ ထုတ်လုပ် ရေး လုပ်မလဲ ဆိုတဲ့အချိန်မှာ ပရိသတ် တွေရဲ့ ကြားထဲမှာ ဒီထုတ်လုပ်ရေး နာမည်ကို ပြောလိုက်တာနဲ့ ဒီဟာက အချစ်ကားမဟုတ်၊ ဒရာမာ၊ ဟာသ ကား မဟုတ် ဘဲ ထူးထူးဆန်ဆန်း တစ် ခုတော့ ဖြစ်မှာပဲဆိုတဲ့ ခံစားမှုမျိုးကို လည်း ပေးချင်တယ်။ နောက်ပြီး ဒီထုတ်လုပ်ရေး နာမည်ကို ကြားလိုက် တာနဲ့ ဒီထုတ်လုပ်ရေး မှာ ဘယ်သူက ဦးဆောင်လုပ်ပေးနေ လဲဆိုတာကိုလည်း ပရိသတ်တွေကို တစ်ပါတည်း သိစေချင်တယ်။ အဲဒီအတွက် စဉ်း စားလိုက်တဲ့ အချိန်မှာ နှစ်ခါပြန်စဉ်း စားစရာမ လိုအောင်ပဲ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးဆိုတဲ့ နာမည် ကို ရရှိခဲ့ပါတယ်။ အဲဒါကြောင့် ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးလို့ ပေးဖြစ်ခဲ့တာပါ”လို့ ပြောပြပါတယ်။
ညကျောင်း ရုပ်ရှင် ထုတ်လုပ်ရေး လို့ အမည် စတင်ပေးတဲ့ အချိန်မှာ အားပေးကျေနပ်ကြတဲ့ ပရိသတ်တွေရဲ့ commnets တွေကို ဖတ်ပြီးတော့ ပရိသတ်တွေ ကိုပါ အမှတ် တရလေး ဖြစ်အောင် ဖိတ် ကြားဖို့လည်း စီစဉ် ထားပါတယ်လို့ ဒါရိုက်တာ ညိုမင်းလွင် က ပြောပါတယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
0 comments:
Post a Comment