ဒေါ်လာလဲနှုန်း ဩဂုတ်ထိ ဆက်တက်နိုင်ခြေရှိ

ဒေါ်လာဈေးကို အစိုးရ ထိန်းမရအောင် တက်
မြန်မာ ငွေနဲ့ အမေရိကန် ဒေါ်လာ လဲနှုန်း ဟာ သင်္က်ြန် အပြီး တလ အတွင်း တဒေါ်လာ ကို ၁၅ဝ လောက် အထိ တက်သွားခဲ့ပြီး ပြည်တွင်း မှာ ကုန်ဈေးနှုန်းတွေ တက်လာ နေပါတယ်။

မြန်မာငွေနဲ့ ဒေါ်လာငွေလဲ နှုန်းဟာ ဩဂုတ်လထိ ဆက်တက် နိုင်ခြေရှိပြီး ဒီအတိုင်း ဆက်တက် နေရင် ပြည်တွင်းက ဝင်ငွေနည်း လူတန်းစား အများစု အတွက် အကျပ်အတည်း ဖြစ်လာဖို့ ရှိနေပါ တယ် ။

ပြီးခဲ့တဲ့ သင်္ကြန်မတိုင် ခင် ဧပြီ လဆန်းက တဒေါ်လာလဲရင် ၉၇ဝ ကျပ်ဈေး ပေါက်တဲ့ ဒေါ်လာဈေးဟာ တနင်္လာနေ့ မှာ ဈေးကွက် ပေါက်ဈေး ၁၁၃ဝ ဝန်းကျင် ဈေးပေါက် ပါတယ်။

ပြီးခဲတဲ့ ရက်ပိုင်း က ဗဟိုဘဏ်က နိုင်ငံခြား ငွေလဲတဲ့ ဘဏ်တွေ ဗဟိုဘဏ် သတ်မှတ်ဈေး အတွင်း ရောင်းဝယ်ကြဖို့ ဝင်ပြီး ထိန်းပေမယ့် ငွေဈေးက ဆက်တက် လာနေပါတယ် ။

ဒေါ်လာဈေးကို အစိုးရ ဝင်ထိန်းပေမယ့် ထိန်းမရ သိမ်းမရတက်

တရားဝင် ဖွင့်ထားတဲ့ ငွေလဲ လုပ်ငန်း လုပ်ခွင့်ရ ဘဏ်တွေမှာ အစိုးရက သတ် မှတ်ဈေး ၁ဝ၉ဝ ဝန်းကျင်နဲ့ ရောင်းဝယ်ဖို့ ဗဟိုဘဏ်က ညွှန်ကြား ထားပေမယ့် ဒေါ်လာ ၇ဝဝ လောက် သွားဝယ်မယ် ဆိုရင် ဝယ်လို့ မရ တော့ပါဘူး။

တချို့ ဘဏ်တွေ ကလည်း ၅ ဦး လောက်ပဲ ရောင်းပြီး ပိတ်ပစ်လိုက်တော့ ကုန်တင်သွင်းတဲ့ သူတွေက အပြင်က ဝယ် ပြီး နိုင်ငံခြားက ပစ္စည်းတွေ သွင်းကြရတဲ့ အတွက် ပြည်တွင်းဈေး ကွက်ကို ရိုက်ခတ်တယ် လို့ ကုန်သည် စက်မှု အသင်းချုပ် အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ရှင်းပြပါတယ် ။

တဒေါ်လာကို ငွေလဲနှုန်း စံချိန်တင်ဈေး အဖြစ် ၂ဝဝ၉ ခုနှစ် ဝန်းကျင် က ၁၃ဝဝ ကျပ် လောက်ထိ ဈေးပေါက်ခဲ့ပါတယ် ။

မြန်မာနိုင်ငံ မှာ နှစ်စဉ် ဩဂုတ်လထိ ဒေါ်လာဈေး တက် လေ့ရှိပြီး ဒီနှစ် ဩဂုတ်လ မှာ တော့ ထိန်းမရ ဖြစ်နေတဲ့ ကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းဟာ အရင် စံချိန်ဟောင်း ၁၃ဝဝ ကျပ်ကို ကျော်ပြီး စံချိန် သစ်တခု ဈေးပေါက် လာနိုင်တယ် လို့ ပြည်တွင်းစီးပွားရေး လုပ် ငန်းရှင် တွေက သုံးသပ်ကြပါတယ် ။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment