မဟာအောင်မြေမြို့နယ်အတွင်း လူလေးဦး ဓာတ်လိုက်ရာ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ


မန္တလေး မေ ၂၅

မန္တလေး မဟာအောင်မြေမြို့နယ် ဟေမမာလာတောင်ရပ်ကွက် ၇၈ လမ်း၊ လမ်း ၄ဝ နှင့် ၄၁ လမ်းကြားရှိ Health Plus အလှကုန်ပစ္စည်း အရောင်းဆိုင်၌ မေ ၂၂ ရက် ညနေ ၄ နာရီက လူလေးဦးဓာတ်လိုက်ကြောင်း သိရသည်။

အဆိုပါသတင်းအရ မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သံပန်း နှင့် အလူမီနီယံလုပ်သား စိုးသူ (၃ဝ နှစ်) တောင်ရွာသစ် ချမ်းမြသာစည် မြို့နယ်၊ စိုးနှင်းအောင်(၂ဝ နှစ်) ကုန်တန်းရပ် အောင်မြေသာစံမြို့နယ်၊ ရန်နောင်စိုး(၂၈နှစ်) သင်ပန်းကုန်းရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ်၊ ထွန်းမင်း လတ်(၂၆ နှစ်) ရတနာအရှေ့ရပ်ကွက် မဟာအောင်မြေမြို့နယ်နေသူတို့ လေးဦးသည် ဆိုင်တွင် ဆိုင်းဘုတ်တပ်ဆင်ရန်အတွက် သံငြမ်းစင်အမြင့် ပေ ၂ဝ ခန့်ကို မရွှေ့ရာ ဓာတ်လိုက်ခံရသဖြင့် စိုးနှင်းအောင်တွင် ဒဏ်ရာရရှိကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် မဟာအောင်မြေမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment