အမျိုးသားတွေကို ရည်းစားအဖြစ် ငှားရမ်းပေးတဲ့ ကုမ္မဏီ


ဒါဟာ အရင်တုန်းက ဆယ်ကျော်သက် ရုပ်ရှင်တွေရဲ့ ဇာတ်ညွှန်းတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ကောင်လေးတစ်ယောက်ကို ရည်းစား အဖြစ်ငှားရမ်းတာကတော့ ကြီးမားတဲ့ စီးပွားရေးတစ်ခုပါပဲ။
ဂျပန်နိုင်ငံမှာတော့ ရုပ်ရည်ချောမောလှပတဲ့ အမျိုးသားတစ်ယောက်ကို သင်နဲ့အတူတူ ညဘက် date လုပ်ဖို့အတွက် ပိုက်ဆံ အနည်းငယ်တော့ ကျသင့်မှာဖြစ်ပါတယ်။
Rentaru Kareshi လို့ခေါ်တဲ့ အမျိုးသားငှားရမ်းပေးတဲ့ ကုမ္မဏီ ဟာ ငယ်ရွယ်သူ အမျိုးသားတွေကို လူမှုရေးပွဲတွေ ၊ အခမ်းအနားတွေမှာ အတူတွဲတက်ဖို့အတွက် ငှားရမ်းပေးတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ထိုလုပ်ငန်းဟာ ပင်မရေစီးကြောင်းထဲမှာ အလုပ်အဖြစ်ဆုံး လုပ်ငန်းတစ်ခုဖြစ်နေပြီး ထို လုပ်ငန်းသဘောအရ ယောကျာင်္း ၃ မျိုးကို ငှားရမ်းနိုင်ပါတယ်။ Fresh လို့ခေါ်တဲ့ အမျိုးအစားကတော့ တစ်နာရီကို စတာလင်ပေါင် ၂၆ ပေါင် ကျသင့်မှာ ဖြစ်ပြီး ပုံမှန်ကတော့ တစ်နာရီ ၃၂ ပေါင် နဲ့ စပယ်ရှယ်ကတော့ တစ်နာရီကို ၃၇ ပေါင်ကျသင့်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ငှားရမ်းသူ တွေဟာ ထို အမျိုးသားတွေနဲ့ နမ်းလို့လည်းမရပါဘူး။ ချစ်တင်းနှီးနှောလို့လည်း မရပါဘူး။ ရုပ်ပြ ပွဲထုတ်ဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ထို ဈေးကွက်ကို အကောင်အထည်ပေါ်လာအောင် အားပေးနေတဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ အိမ်ထောင်သည်တွေ ဖြစ်ကြပြီး အဲဒီ ၄၀ ရာခိုင်နှုန်းရဲ့ ထက်ဝက်ခန့်ဟာ ထပ်ခါထပ်ခါ ငှားရမ်းနေကြပါတယ်တဲ့။
ရှော့ပင်း အတူထွက်ဖို့နဲ့ ကာရာအိုကေအတူဆိုဖို့ စတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ ၆ နာရီကျော်ကြာတဲ့ ငှားရမ်းမှုကတော့ စတာလင်ပေါင် ၂၀၅ ပေါင်ခန့် ကျသင့်မှာပါ။ အလုပ်ချိန်ပြီးဆုံးချိန်မှာတော့ ငှားရမ်းထားတဲ့ အမျိုးသားတွေက ငှားရမ်းသူတွေကို မိနစ်အနည်းငယ် ဖက်ထားပေးတယ်လို့လည်း ဆိုပါတယ်။
Ref: mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment