ဆင်ဆာ ထိခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့တဲ့ ဂျောက်ဂျက်ရဲ့ တိုင်းသိ ပြည်သိ အမ်တီဗီ


ဇွန်လ နောက်ဆုံးပတ် မှာ ထွက်ရှိတော့မယ့် ဟစ်ဟော့ပ် အဆိုတော် ဂျောက်ဂျက်ရဲ့ “တိုင်းသိပြည်သိ” အမ်တီဗီ အနေနဲ့ ဆင်ဆာ အနည်းငယ် ထိခဲ့ပေမယ့် ဆင် ဆာကြောင့်  ပရိသတ်ကို ပြချင်တဲ့ပုံစံတွေ ကတော့ ထိခိုက်မှု မရှိခဲ့ကြောင်း ဂျောက်ဂျက် က ဆိုပါတယ်။ အမ်တီဗီရဲ့ ဘယ်အပိုင်းတွေ မှာ ဆင်ဆာထိခဲ့သလဲ ဆိုတာ ကို ဂျောက်ဂျက်က..
“ကျွန်တော်ပြချင်တဲ့  Image က တစ်ခု။ ဆင်ဆာထိ သွားတာက ဆေးလိပ်သောက်တဲ့ အခန်းပါ။ သီချင်းတွေ မှာ ဆေးလိပ်သောက်တဲ့ အခန်းလေးတွေ ထိသွားတယ်။ ပြီးတော့ “စောက်” ဆိုတဲ့စကားလုံး ပါတာတွေပဲ အဖြတ်ခံ ရတာပါ။ ကျန်တာ ကတော့ မရှိပါဘူး” လို့ ပြောပါတယ်။ ဂျောက်ဂျက် ရဲ့ ပထမအခွေ “ငါသည်သာ င့ါပြိုင်ဘက်” အမ်တီဗီထက် “တိုင်းသိ ပြည်သိ” မှာ ရိုက်ကူးမှု ပုံစံတွေ ပြောင်းလဲသွားပြီလို့ သုံးသပ်မိကြောင်းပြောတဲ့ ဂျောက်ဂျက်က “ဒီအခွေ မှာက ကျွန်တော့် ဘဝရဲ့ တစ် ဝက်လောက် စာ သီချင်း တွေရယ်၊ ရိုက်ထားတဲ့ ပုံစံတွေ ကလည်း ကျွန်တော့် Life အကြောင်းတွေ အများကြီးပါ ပါတယ်။ Bonus Track က  J me နဲ့ ကျွန်တော် နဲ့ တစ်ပုဒ် အပြင် နောက်ထပ် တစ်ပုဒ်ကို ကျွန်တော် ကင်မရာ တစ်လုံးနဲ့ ဘယ်နေရာ ရောက်ရောက် ရိုက်ထားတဲ့ ရှိသမျှ မှတ်တမ်းတွေ အကုန်လုံးကို ကိုယ့်ဘာသာ ကိုယ် Edit လုပ်ပြီးတော့ အမ်တီဗီ တစ်ပုဒ် အနေနဲ့ ထည့်ထားပါတယ်” လို့ ဂျောက်ဂျက်က ပြော ပါတယ်။ “တိုင်းသိပြည်သိ” အမ်တီဗီကို ဒါရိုက်တာ အောင်မြတ်၊ မေဘရဏီ၊ သီဟ၊ ထက်ယံ၊ ချမ်းငြိမ်းစိုး တို့က ရိုက်ကူးထားပြီး ဟစ်ဟော့ပ် ညီအစ်ကို များစွာနဲ့ သရုပ်ဆောင် များစွာ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရ ပါတယ်။ မြန်မာပြည် ဟစ်ဟော့ပ်လောက မှာ ကြိုးစားရုန်းကန်ရင်း ဒီနေ့ အချိန်မှာ ဂျောက်ဂျက် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ် မိလဲ ဆိုတာကိုတော့ “၂ဝဝ၄၊ ၂ဝဝ၅၊ ၂ဝဝ၆ ကနေ တောက် လျှောက် ရက်ပ်တွေ ဆိုလာခဲ့တာ အစကတော့ ကျွန်တော့်မှာ အနုပညာ မျိုးရိုးလည်း မရှိဘူး။ သူငယ်ချင်း လည်း မရှိဘူး။ ကျွန်တော်တို့ သီချင်းတွေလုပ် လာရင်း နဲ့ ဒီအချိန်မှာ လုပ်လာခဲ့တဲ့ သူငယ်ချင်းတွေက အဆိုတော်တွေဖြစ်လာခဲ့ တယ်။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး ရှိကြတယ်။ တစ်ယောက် အခွေထွက်ပြီ ဆို ဝိုင်းပြီးတော့ ကူညီကြတယ်။ ဖုံးထား၊ ဖိထားတာလည်း မရှိဘူး။ ကျွန်တော် တို့ အပေါင်းအသင်းတွေ အကုန်လုံးက ကိုယ့် ရည်းစား ကိုယ်ပေါ်တင် တွဲပြီးတော့ အနုပညာ အလုပ် လုပ်နေတဲ့ သူတွေချည်းပဲ။ ကိုယ့် ပရိသတ်ကို လေးစားရတဲ့ သူတွေချည်းပဲ။ ပါးစပ်ကသာ ရိုင်းချင်ရိုင်းမယ်၊ စိတ်ဓာတ်က တော့ တစ်ယောက်မှ ရိုင်းတဲ့သူ မပါဘူး။ အဲဒါကို ကျွန်တော် တို့ အခွေတွေ နားထောင် နေကျ၊ ကျွန်တော်တို့ ပွဲတွေ လာ ကြည့်နေကျ ပရိသတ်တွေ အားလုံးသိပါတယ်။ အခွေထွက် ရင် အားပေးကြပါ” လို့ ဂျောက်ဂျက် က ပြောပြ ခဲ့ပါတယ်။
မျိုးမောင်
Source:popualrmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment