Selfie DVD ကို တစ်ပုဒ်ချင်းရိုက်ပြီး အွန်လိုင်းကနေ ဖြန့်မယ့် ဝိုင်းလေး


Selfie DVD အခွေထွက်ရှိခဲ့ပြီဖြစ်တဲ့အတွက် ပရိသတ်တွေရသတစ်မျိုးနဲ့ ပြန်လည်ခံစားနိုင်ဖို့အတွက်DVD  ကိုလည်းဆက်လက်ရိုက်ကူးသွားဖို့ ရှိပါတယ်လို့ ဝိုင်းလေး ကပြောပါတယ်။ ”DVDကို ဒီနှစ်ကုန်လောက်မှစရိုက်ဖို့ စီစဉ်ထားပါတယ်။ ရိုက်တဲ့အခါညီမတစ်ပုဒ်ချင်းစပြီး ရိုက်ဖြစ်မယ်ထင်တယ်။ ဆိုလိုတာက ညီမ ၁၆ ပုဒ်လုံးကို ရိုက်ပြီး မှ DVD ထွက်မယ့်အစား ဒီကြားအချိန်လေးမှာပရိသတ်နဲ့ အဆက်ပြတ်မသွားဖို့အတွက် DVD တစ်ပုဒ်ချင်းစီရိုက်ပြီးOnline မှာ ဖြန့်ချိသွားဖို့ စိတ် ကူးထား တာပါ”လို့ ပြောပါတယ်။ အဆိုတော်ဝိုင်းလေးရဲ့တစ်ကိုယ်တော် Selfie Audio အခွေလေးကတော့ ဇွန်လ ၁၃ ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအခွေမှာ သီချင်း ၁၆ ပုဒ်ပါရှိပြီး သီချင်းအမျိုးအစားတွေက Pop ပုံစံတွေများတယ်လို့ သိရပါတယ်။
အခွေထွက်လာနိုင်ဖို့နှစ်နှစ်ကျော်လောက် ကြိုးစားခဲ့ရပြီး အချိန်တွေပေးဆပ်ခဲ့ရကာ ဒီအခွေကိုရောင်းရတာ၊ မရောင်းရတာကို မျှော်လင့်ချက်မထားကြောင်းကို ဝိုင်းလေးက ”ဂီတလောကရဲ့ဈေးကွက်မှာလည်း အနုပညာရှင်တော်တော်များများက ခိုးကူးခွေတွေနဲ့ထိခိုက်နေကြတာဆိုတော့လေ။ အဓိကကပရိသတ်တွေရဲ့ လက်ထဲ ကို ဘယ်လိုနည်းနဲ့အခွေရောက်ရှိနိုင်မလဲ။ ပရိသတ်တွေဘယ်လိုခံစားနိုင်မလဲဆိုတဲ့ ဟာကိုတော့ညီမမျှော်လင့်မိပါတယ်။ ဒီအခွေထဲမှာကသီချင်း ၁၆ပုဒ်ပါတော့ ပရိ သတ်တွေရဲ့ရွေးချယ်မှုက ပိုပြီးတော့ရွေးချယ်နိုင်တယ်။ ညီမတို့ကတော့ အခွေအတွက်အများကြီး စွန့်လွှတ်ထားပါတယ်”လို့ ပြောပါတယ်။ ဝိုင်းလေးရဲ့ပထမဆုံး တစ် ကိုယ်တော Selfie ခွေရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ ဇွန်လ ၇ ရက်နေ့ နေ့ခင်း ၁နာရီက M3 မှာ ပြုလုပ်ခဲ့ပြီး ဇွန်လ၁၃ရက်နေ့ ညနေ၃နာရီက ဒဂုံစင်တာ-၂မှာပရိုမိုး ရှင်းပွဲပြုလုပ်ခဲ့ကာ ဇွန်လ ၁၄ရက်နေ့ကတော့ မန္တလေးမြို့မှာပရိုမိုးရှင်းပွဲများပြုလုပ်ခဲ့ပါတယ်။ပရိုမိုးရှင်းပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်များကိုတော့ Selfieနာမည် ပါတဲ့တီရှပ်များကို မေတ္တာလက်ဆောင်အဖြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment