
လူငယ်များ အကြား ရေပန်းစားတဲ့ မော်ဒယ် နန်းသီရိမောင်က “အချစ်က ဘာလဲ”လို့ မေးပြီး စီးရီးတစ်ခွေ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီစီးရီး မှာတော့ သုခမိန်လှိုင် ၊ ရွှေ ဂျော်ဂျော်၊ ဟဲလေး၊အားတီ၊ သားကြီး၊ ဇင်မင်းခန် စတဲ့ တေးရေးတွေ အပြင် တေးရေးပေါင်း များစွာပါဝင် ရေးသား ပေးထားပြီး ဇွန်လ၁၄ ရက် နေ့ မှာ ဖြန့်ချိ ခဲ့တယ် လို့ သိရပါတယ်။
ခုလို တစ်ကိုယ်တော် တေးစီးရီး ထုတ်ဝေဖြန့်ချိဖြစ်ပုံ နဲ့ ပတ်သက်ပြီး နန်းသီရိမောင်က “ညီမ တကယ်ဖြစ် ချင်တဲ့ ရည်မှန်းချက်က ဘာလဲလို့ စဉ်းစား ပြီး ငယ်ငယ်လေး ကတည်း က ဖြစ်ချင်တဲ့ ရည်မှန်း ချက်တစ်ခုကို အကောင် အထည်ဖော်ဖြစ်သွားတာပါ။ ဒီအခွေမှာ ညီမရဲ့ အနုပညာ မောင်နှမတွေက ရေးစပ် ပေးထားပါတယ်။ ဒီအခွေရဲ့ MTV ကိုလည်း စရိုက်နေပါပြီ။ ဒီဇင်ဘာလောက် မှာတော့ ထွက်နိုင်ဖို့ မှန်းထားပါတယ်။ ဒီအခွေလေးက အားလုံးရဲ့ ကြိုး စားမှုနဲ့ ဖြစ်လာတာပါ” လို့ နန်းသီရိမောင် က သူ့ရဲ့ အခွေ နဲ့ပတ်သက်ပြီး ပြောပြပါ တယ်။
နန်းသီရိမောင် ရဲ့အချစ် က ဘာလဲစီးရီးသစ် ထွက်ရှိခြင်း အမှတ်တရ အနေနဲ့ စီးရီးထွက်ရှိတဲ့ ဇွန်လ ၁၄ ရက်နေ့က ဒဂုံစင်တာ ရှိ ပရိုမိုးရှင်း ဧရိယာ မှာ နေ့ခင်း ၃နာရီ ကနေ ၆နာရီ အထိ အနုပညာ မောင်နှမများ နဲ့အတူ အမှတ်တရ လက်မှတ် ရေးထိုးဖျော်ဖြေ သွားတယ်လို့ သိရပြီး ဇွန်လ ၂၁ ရက်နေ့မှာ လည်း မန္တလေးမြို့ Mingalar City မှာ စီးရီးထွက်ရှိ ခြင်း အမှတ်တရ လက် မှတ်ရေးထိုး ဖျော်ဖြေသွားမယ် လို့ သိရ ပါတယ်။
Source:popularmyanmar.com
0 comments:
Post a Comment