အရှေ့က ကားတွေထက် အများကြီး ကျော်လွန်အောင်မြင်နေတဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်ဆိုတဲ့ နေတိုး





၂၀၁၅ ထဲမှာ ကားကြီး ၄ ကားရိုက်ဖို့လက်ခံထားတဲ့ နေတိုးက ထပ်မံကမ်းလှမ်းထားတဲ့ ကားကြီးအချို့အတွက်လဲ ဇာတ်လမ်းပိုင်းတွေကို အချိန်ပေး ရွေးချယ်ဖြစ်နေသလို လက်ရှိမှာ ရိုက်ကူးနေတဲ့ *0013 call centre ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးလာတာမို့ သိချင်တာလေးတွေ မေးကြည့်ဖြစ်တဲ့အခါ
-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
အခုရိုက်နေတဲ့ကားလေးက *0013 call centre တဲ့။ အဓိကကတော့ လူငယ်ဇာတ်လမ်းပါပဲ။ နည်းပညာရဲ့ ပြိုင်ဆိုင်မှုကနေ ဆိုးကျိုးတွေဖြစ်လာတယ် ဆိုတာကို ရိုက်ပြထားတာပါ။
-ထိုင်းနဲ့ရိုက်မယ့် ကားကြီးကရော ဘယ်တော့လောက်စရိုက်ဖြစ်မလဲ။
သူကဇာတ်လမ်းတော့ ပြောပြလို့မရပါဘူး။ ကျွန်တော်တို့ ၉လပိုင်းအကုန် ၁၀လပိုင်း အစလောက်မှာ စရိုက်ဖြစ်မယ်။ မြန်မာဖက်က ကျွန်တော်အပြင် မင်းသမီးအနေနဲ့ ၀တ်မှုန်ရွှေရည်ပါမယ်။ ကျန်တဲ့ဟာက ဟိုကလူတွေပေါ့။
-အနုပညာနဲ့ပတ်သက်တဲ့ စီးပွားရေးအနေနဲ့ အစ်ကိုလုပ်ဖြစ်နေတာက။
အနုပညာနဲ့ဆက်စပ်တဲ့ အရာတွေတော့ ကျွန်တော်လုပ်နေတာ ၄ နှစ် ၅ နှစ်လောက်ရှိပါပြီ။ ကင်မရာနဲ့ပတ်သက်တာတွေ၊ အလင်းအမှောင်နဲ့ပတ်သက်တာလေးတွေပေါ့။ နောက်ပိုင်းမှာတော့ ကျွန်တော် စတူဒီယိုပြီးသွားရင် ထပ်လုပ်ဖို့ရှိပါသေးတယ်။
-၂၀၁၅ ထဲမှာ ကားကြီးအနေနဲ့ရော ဘယ်နှကားလာက်လက်ခံထားလဲ။
Comfirm ဖြစ်တာကတော့ ၄ ကားပေါ့။ တခြားရိုက်ဖို့ပြောထားတာတွေလဲရှိသေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကဇာတ်လမ်းနဲ့ကျွန်တော်တို့ကာရိုက်တာကို မတူအောင် မထပ်အောင်ရွေးချယ်နေပါတယ်။
-ကျွန်မကနှင်းဆီပါမောင် ကားကို အရမ်းအားပေးကြတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
ကျွန်တော်တို့က အောင်မြင်မှု ဆိုတာထက် ရုပ်ရှင်ပေါ်မှာ အဲ့ဒီလို စိတ်ဝင်တစားနဲ့ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပေးတယ်ဆိုရင် ကျေနပ်ပါပြီ။ ပီတိလဲဖြစ်မိတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေရဲ့ ရလာဒ်အောင်မြင်မှုတွေက ပရိသတ်အတွက်လဲ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို ကျွန်တော်တို့အနုပညာရှင်တွေ အတွက်လဲ အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့ခြေလှမ်းအတွက် အများကြီး အထောက်အကူဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့အတွက် အားရှိတာပေါ့။
-၂၀၁၅ ထဲမှာ ဗီဒီယိုထက် ရုပ်ရှင်ကားကြီးတွေကို ပိုရိုက်လာကြတာတွေ့နေရတယ်။ ကြာရင် ဗီဒီယိုလောကရောပျောက်သွားနိုင်တယ်လို့ထင်မိလား။
ခေတ်အရ ဗီဒီယိုက ပျောက်သွားနိုင်တယ်။ ဒါပေမဲ့လဲ ဗီဒီယိုပျောက်ပျောက်ခေတ်တစ်ခုပြောင်းလဲပြောင်းလဲ ကျွန်တော်တို့က အနုပညာဖန်တီးတဲ့ လူတွေဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ဖန်တီးမဲ့ အနုပညာကတော့ ပရိသတ် လက်ခံနိုင်မဲ့ ပရိသတ်အတွက် အကောင်းဆုံးတွေကိုပဲ ကျွန်တော်တို့ပေးချင်တယ်။ အဆုံးစွန်ထိပေါ့။ ဥပမာအားဖြင့် ဗီဒီယိုလောက ပျက်စီးသွားလို့ကျွန်တော်တို့ဗီဒီယိုရိုက်နေရတယ်ဆိုရင်တောင် ကားတစ်ကားကိုပြီးပြီးရော ကျွန်တော်တို့ ရိုက်လို့မရဘူးပေါ့။ ကျွန်တော်က အနုပညာအလုပ်ကို လုပ်နေတယ်။ ကိုယ့်ရဲ့ဘ၀က အနုပညာလို့လဲ သတ်မှတ်ထားတော့ ဒီအနုပညာကိုတော့ အကောင်းဆုံးဖြစ်အောင် ဖန်တီးနေမှာပါပဲ။ ဥပမာအားဖြင့် ထုတ်လုပ်မှုပိုင်းက ဗီဒီယိုဈေးကွက်တစ်ခုအရ ပျက်စီးသွားပြီဆိုရင်ရောင်းလို့မရတော့ဘူးဆိုတဲ့အခါ ကျွန်တော်တို့ရုပ်ရှင်တွေ ရိုက်မယ်ဆိုရင်လဲ ကျွန်တော်တို့လက်ခံရမှာပါပဲ။ အခုရိုက်နေရတဲ့ ဗီဒီယိုကားဆိုတာကလဲ ကျွန်တော်တို့အများဆုံးမှ ၉ ရက် ၁၀ ရက်ကို ကျွန်တော်တို့ရိုက်နေရတာလေ။ ၁၀ ရက်လောက်နဲ့ နိုင်ငံခြားကားကို ယှဉ်ပြနိုင်တဲ့ အဆင့်တော့မဟုတ်ဘူးလေ။ ဒီလိုမျိုး ၁၀ ရက်လောက်နဲ့ဖန်တီးထားတဲ့ ကားတစ်ကားကိုနိုင်ငံခြားကားနဲ့ယှဉ်ကြည့်တဲ့ပရိသတ်တွေလဲ ရှိနေတယ်။ သူက ဘယ်လိုဖန်တီးထားလဲဆိုတာမသိဘူး။ ပရိသတ်က အဓိကက ကားတစ်ကားကို ယှဉ်ကြည့်မယ်။ ကားတစ်ကားရဲ့စွမ်းဆောင်ပုံ၊ တင်ပြပုံ တင်ပြနည်းတွေ၊ ရိုက်ကူးမှုပုံစံတွေ ဒီဟာတွေကို ကျွန်တော်တို့ကအချိန်တိုအတွင်းမှာ ဈေးကွက်တစ်ခုအရအရမ်းကြီးပျက်လာရင်တော့ ကျွန်တော်တို့က အချိန်တိုတိုလေးနဲ့လုပ်လို့မရတဲ့အရာမျိုးတွေဖြစ်လာတဲ့အခါ ရုပ်ရှင်ကားကြီးဖက်ကို တစ်ခေတ်ပြန်လည်ပြောင်းသွားလိမ့်မယ်လို့မြင်မိပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment