ဗီဒီယိုရိုက်တဲ့အဆင့်က မင်္ဂလာဆောင်ရိုက်ကူးရေး အဆင့်လောက်တောင် မရှိတော့တာမို့ သူ့အနေနဲ့ ဗီဒီယိုရိုက်ဖို့ ရာခိုင်နှုန်းနည်းသွားပြီဆိုတဲ့ ဒါရိုက်တာဝိုင်း





လက်ရှိမှာ ရုံတင်ပြသနေတဲ့ ကျွန်မကနှင်းဆီပါမောင် ကားနဲ့ပတ်သက်ပြီး ပရိသတ်အသံကိုပဲ နားထောင်နေပါတယ်ဆိုတဲ့ ဒါရိုက်တာဝိုင်းနဲ့ ၀မ်းနိုင်းဝမ်း မီးသတ်ဇာတ်လမ်းတွဲ ရှုတင်မှာတွေ့ဆုံခိုက်
-လက်ရှိရိုက်နေတဲ့ ဇာတ်ကားလေးအကြောင်းကို အရင်ဦးဆုံးပြောပြပေးပါဦး။
ဝမ်းနိုင်းဝမ်းတဲ့။ မီးသတ်အတွက် ရိုက်ပေးတဲ့ကားလေးပါ။ ရဲကလဲ ရဲအလုပ်လုပ်တယ်။ မီးသတ်ကလဲ မီးသတ် အလုပ်လုပ်တယ်။ ရဲဆိုတော့လဲ ရဲအကြောင်း ရိုက်ရတာပေါ့။ မီးသတ်ဆိုတော့လဲ မီးသတ်အကြောင်း ရိုက်ရတာပေါ့။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ ပြည်သူတွေအတွက် မီးနဲ့ပတ်သက်တဲ့ knowledge တွေ ရအောင်တော့ ကိုယ့်အနေနဲ့အများကြီးကြိုးစားထားပါတယ်။
-အချိန်တိုင်းနေရာတိုင်းကလဲ တော်တော်အောင်မြင်မှုရခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့ ဒီမီးသတ်ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးဘယ်လိုမျိုးလေး ပြင်ဆင်ထားခဲ့ရလဲ။
အဲ့ဒါကတော့ ကားထွက်လာမှပဲပြောလို့ရမယ်။ ကိုယ့်အနေနဲ့ပြင်ဆင်မှု အပိုင်းကတော့ ကားတိုင်းကို ချီတက်တာ မှန်ပါတယ်။ သို့သော်လည်း ကားတစ်ကားနဲ့တစ်ကားက ပုံစံတွေက ဘယ်တော့မှမတူပါဘူး။ တစ်ကားနဲ့တစ်ကားက ခိုင်းနှိုင်းလို့လဲမရတဲ့အတွက် ပုံစံကွဲလွဲမှုတော့ ရှိမှာပါ။
-ဒီဇာတ်လမ်းတွဲကိုရော အပိုင်းဘယ်လောက်ထိစီစဉ်ထားလဲ။
အသေအချာကတော့ ကားဆက်ပြီးမှပဲ ပြောလို့ရမှာပေါ။ ၁၀ပိုင်းနဲ့ ၁၂ ပိုင်းကြားမှာပဲရှိမှာပါ။
-ကျွန်မကနှင်းဆီပါမောင် ကားကြီးလဲ ရုံတင်ပြီဆိုတော့ စိတ်လှုပ်ရှားမှုက။
ဒီအချိန်မှာ အထွေအထူးပြောစရာမရှိပါဘူး။ သူတို့ပြောတာကိုပဲ အစ်ကိုနားထောင်နေပါတယ်။
-ဒီဇာတ်လမ်းတွဲကို ထပ်ရိုက်ဖြစ်ခဲ့တာက အချိန်တိုင်းနေရာတိုင်း မှာ အရမ်းပေါက်ခဲ့လို့များလား။
အဓိကကတော့ အချိန်တိုင်းနေရာတိုင်း အောင်မြင်ခဲ့တဲ့အတွက် ဒီမီးသတ်အတွက်လဲ လုပ်ပေးပါဆိုပြီး တာဝန်ပေးတဲ့အတွက် အစ်ကိုတို့ လုပ်ရတာပါ။
-နိုင်ငံ့အကျိုးပြုကားတွေ ရိုက်ရတဲ့ စိတ်ခံစားချက်က ဘယ်လိုရှိလဲ။
အစ်ကိုတို့လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်တယ်လို့ပဲပြောရမှာပါ။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးတယ်။ တာဝန်ရှိလို့လုပ်တယ်ဆိုတဲ့ ခံယူချက်ပဲရှိတယ်။ ဥပမာ မီးဘေးနဲ့ပတ်သက်တာကို မီးသတ်နဲ့ရိုက်တယ်။ ရိုက်တဲ့ အချိန်မှာလဲ ပြည်သူတွေ သိသင့်သိထိုက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို အစ်ကို့ဇာတ်လမ်းမှာ ပါအောင်ကြိုးစားတယ်။ သူတို့ကို သိသင့်သိထိုက်တဲ့ဟာတွေကိုလဲ မက်ဆေ့ခ်ျရအောင်ပေးတယ်။ ဒါဟာလောလောဆယ်မှာ ရုပ်ရှင်နဲ့မဆိုင်တဲ့ အစ်ကို့ရဲ့ နိုင်ငံအကျိုးပြုဟာတွေ ရိုက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ပေါ့။ သို့သော်လည်း အစ်ကို့အနေနဲ့အရင်ပုံစံနဲ့မတူအောင်ကြိုးစားတယ်။
-ဗီဒီယိုပိုင်းမှာသိပ်မတွေ့ရတော့ဘူး။  ဘာကြောင့်များလဲ။
အစ်ကို့အနေနဲ့ အမှန်အတိုင်းပြောရင် ဗီဒီယိုရိုက်ဖို့ ရာခိုင်နှုန်း အင်မတန် နည်းသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုရိုက်တဲ့ အဆင့်က မင်္ဂလာဆောင်ရိုက်တဲ့ အဆင့်လောက်တောင်မရှိမှတော့ ဘာလို့ရိုက်နေတော့မှာလဲ။
-၂၀၁၄ နဲ့ ၂၀၁၅ မှာ ရုပ်ရှင်လောက တိုးတက်လာတယ်လို့ပြောလို့ရမလား။
ကျိန်းသေတာက ၂၀၁၄ နဲ့ ၂၀၁၅ မှာ မြန်မာ့ ရုပ်ရှင်က တိုးတက်လာတယ်ဆိုတာ ဘယ်သူမှ လက်မခံလို့မရဘူး။ ၀င်ငွေကိန်းဂဏန်းတွေအရ အတက်ဖက်ကို ညွှန်းဆိုနေတယ်။ ဒါပေမဲ့ ကြိုပြောနိုင်တာတစ်ခုက၂၀၁၆ မှာစုတ်ပြတ်သက်အောင် အဲ့ဒီဝင်ငွေကိန်းဂဏန်းတွေက ထိုးဆင်းသွားမယ်ဆိုတာကြိုပြောလို့ရတယ်။
-အနုပညာပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးအကြံပေးချင်လဲ။
အနုပညာပိုင်းနဲ့ပတ်သက်ပြီးက ရှင်းပါတယ်။ ကောင်းအောင်လုပ်နေတဲ့သူကကောင်းမှာပဲ။ ဆိုးအောင်လုပ်နေတဲ့သူကလဲ ၇ ရက် ၈ ရက်နဲ့တစ်ကား ရိုက်နေမှာပဲ။ ကောင်းတာနဲ့ဆိုးတာနဲ့အဲ့ဒီလူတွေကြားထဲမှာ ဆိုးတဲ့သူတွေများလာရင် လောကတစ်ခုဟာ ပျက်စီးသွားတယ်။ ကောင်းတဲ့လူတွေများလာရင် လောကတစ်ခုဟာ တိုးတက်သွားတယ်။ ဒါဟာနိယာမပဲ။
-ခုနောက်ပိုင်းမှာ ဟာသနဲ့ဝင်ငွေကောင်းတယ်ဆိုပြီး တော်တော်များများက ရုပ်ရှင်ကားကြီးကို ဟာသတွေကိုရိုက်လာကြတယ်။ အဲ့ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဘာမှမပြောချင်ပါဘူး။ မြန်မာနိုင်ငံမှာက သူများလုပ်ရင် လိုက်လုပ်မယ်။ သူများအောင်မြင်ရင် လိုက်လုပ်မယ်ဆိုတာ မြန်မာလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာဖြစ်နေပါပြီ။
-ပြည်ပက အနုပညာရှင်တွေနဲ့ ဒီနှစ်ပိုင်းထဲမှာ ဖက်စပ်တွေရိုက်လာကြပြီ။ ဒါကိုကြည့်ပြီး မြန်မာ့ရုပ်ရှင်လောက တိုးတက်တယ်လို့ပြောလို့ရလား။
ဖက်စပ်ရိုက်ရုံနဲ့တော့ တိုးတက်တယ်လို့ပြောလို့မရပါဘူး။ ဖက်စပ်ရိုက်တဲ့နေရာမှာလဲ နည်းစနစ် မှန်မှန်နဲ့ရိုက်နိုင်ဖို့လိုတာပေါ့။ ကိုယ့်နိုင်ငံသားတွေ ဘယ်လောက်ထိ ဒီအတတ်ပညာတွေ၊ အသိပညာတွေကိုလေ့လာ ဆည်းပူးခွင့်ရမလဲ။ ပြီးတော့ ကိုယ့်ဆီက လူတွေက သူများနိုင်ငံရဲ့ အကူအညီမယူပဲ ကမ္ဘာကို တက်လှမ်းလို့ရအောင် တည်ဆောက်မလဲပေါ့။ ဒီဟာမျိုးတွေက အများကြီးအရေးပါပါတယ်။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment