သီချင်းပုဒ်ရေနည်းနည်းနဲ့ ထွက်လာမယ့်ကျားပေါက်ရဲ့ I.d.g.a.f


ကျားပေါက်က မေလအတွင်းက စင်ကာပူနိုင်ငံမှာ Drum ကျောင်းသွားရောက်တက်ခဲ့ပြီး စာမေးပွဲ ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။”ကျွန်တော်Drum ကို Grade-5 လောက် သွားဖြေ ကြည့်မယ်ဆိုပြီးသွားတာ။ စာမေးပွဲကတော့ ဇွန်လ ၁၃ရက် နေ့ပါ။ စင်ကာပူကAOR ဂီတကျောင်းမှာပါ။ အဖေတို့ကဒီမှာAOR ကျောင်းလုပ်နေတော့ ကိုယ်ကလည်း ဒီကိစ္စကိုထဲထဲဝင်ဝင် သိဖို့လုပ်ရတာပေါ့။ ကိုယ်တိုင်စာမေးပွဲဝင်ဖြေကြည့်တာပါ။ စာမေးပွဲဖြေပြီး အိမ်စာယူပြီးမြန်မာပြည်ပြန် လာမယ်။ နိုဝင် ဘာနား နီးမှ နောက်တစ်ခေါက်ပြန်သွားမှာပါ”လို့ ကျားပေါက်က စင်ကာပူမှာDrumတက်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ကျားပေါက်က One Man Show လည်းလုပ်ဖို့ အစီအ စဉ်ရှိနေပြီး နည်းနည်းတော့ကြာဦးမယ်လို့ သိရပါတယ်။ ပွဲမလုပ်ခင်ကြားထဲမှာတော့ I.d.g.a.f ဆိုတဲ့ EP Album တစ်ချပ်ထုတ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရ ပါ တယ်။
”စင်ကာပူက စာမေးပွဲပြီးလို့ ပြန်လာတာနဲ့သွင်းမယ့်တစ်ခွေရှိတယ်။အဲဒါကို အစကအွန်လိုင်းကဖြန့်မလို့။ i-entertain ကနေလနဲ့ စကားပြောဖြစ်တော့အခွေ အနေနဲ့ ထွက်ဖြစ်မယ်။ သီချင်းပုဒ်ရေနည်းနည်းနဲ့ EP Albumပေါ့။ ဒါပေမဲ့ bonus တွေဘာတွေနဲ့ဆိုရင် ၁ဝပုဒ်လောက်ရှိမယ်။ ဒါပေမဲ့သီချင်းတွေကတအားတိုတယ်။ EP လို့ သတ် မှတ်လို့ရတယ်။ အဲဒါကိုမွေးနေ့အမီထွက်ဖို့လုပ်တာ။ ဒါပေမဲ့ဒီကြားထဲပြဿနာလေးတွေလည်း နည်းနည်းရှိတော့ ခုမှသွင်းဖြစ် မှာ။ အဲဒီအခွေသွင်းရင်း ရှိုးကိစ္စလည်းစီ စဉ် ရမှာပေါ့”လို့ကျားပေါက်ကပြောပါ တယ်။ကျားပေါက်ကသူ့ရဲ့နောက်ဆုံးစီးရီးWe are Bigbag  ရဲ့ Music Video ကိုတော့ဘယ်တော့ထွက်မယ်လို့ မပြော နိုင်ဘဲ ဒီကြား ထဲမှာတော့ Single အနေနဲ့ ၂ပုဒ်လောက်ပဲရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။
ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment