မမျှော်လင့်ဘဲ ပျော်ရွှင်ကြည်နူးမှုတွေ ရခဲ့တဲ့ မိစန္ဒီရဲ့ မွေးနေ့ပွဲ


ဇွန်လ ၁၂ ရက်နေ့ကတော့ ဟစ်ဟော့ပ် လူငယ် အမျိုးသမီး တေးသံရှင် မိစန္ဒီရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ပဲဖြစ် ပါတယ်။ မွေးနေ့ရက် က ဇွန်လ ၁၂ ရက်နေ့ ဖြစ်ပေမယ့် ၁၂ ရက်နေ့ မှာ ခရီးသွားဖို့ ရှိနေတာ ကြောင့် ဇွန်လ ၁၁ ရက်နေ့မှာ သူ့ရဲ့ မွေးနေ့ကို ကျင်းပ ခဲ့ပါတယ်။ မိစန္ဒီ က ဒီနှစ် သူ့ရဲ့ မွေး နေ့ပွဲ ကိုတော့ ပရိသတ်တွေ နဲ့ အတူ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ ကျင်းပခဲ့ပါတယ်။
“မွေးနေ့ က ၁၂ ရက်နေ့၊ အဲဒီနေ့မှာက ခရီးသွားဖို့ ရှိနေလို့ ၁၁ ရက်နေ့မှာ မွေးနေ့ပွဲ လုပ်ဖြစ်တယ်။ ပရိသတ်တွေထဲ က ၂၁ ယောက်ကို မဲနှိုက်ပြီး သူတို့နဲ့ အတူ နေ့လယ် စာ စားဖြစ်တယ်။ ပြီးတော့ တိရစ္ဆာန် ဥယျာဉ်မှာ တိရစ္ဆာန်လေးတွေကို ပရိသတ်တွေ နဲ့အတူ ပြင်ပကအစာ တွေ ဝယ်သွားပြီး ဆရာဝန်တွေရဲ့ ထောက်ခံချက် နဲ့ အစာ အလှူ လုပ်ဖြစ် တယ်။ တစ်နေ ကုန်နီးပါးပါပဲ” လို့ မိစန္ဒီက သူ့မွေးနေ့ နဲ့ပတ်သက်ပြီး ပြောပြပါတယ်။ မွေးနေ့ကျင်းပတဲ့ နေ့လယ်ပိုင်း မှာ ဆရာစံလမ်းက Bellagio စားသောက်ဆိုင် မှာ ပြုလုပ်ခဲ့တဲ့ မိစန္ဒီက သူ့မွေးနေ့ပွဲ ကို မမျှော်လင့်ဘဲ သူ့ညီမရဲ့ ဖိတ်ကြားမှုနဲ့ သူငယ်ငယ် ကတည်း က နှစ်သက်ခဲ့ရတဲ့ သရုပ်ဆောင်နေတိုး လည်း ရောက်ရှိလာ တာကြောင့် အံ့အားသင့် ပျော်ရွှင်ခဲ့ရတယ် လို့ ဆို ပါတယ်။
“ကိုနေတိုးက ညီမ ငယ်ငယ်ကတည်းက လေး စားအားကျခဲ့တဲ့ သရုပ်ဆောင် ဆိုတော့ သူမမျှော်လင့် ဘဲ ရောက်လာတာ ကို တော်တော် အံ့သြသွားတယ်။ ညီမရဲ့ညီမ မိခတ္တာ နဲ့ သူငယ်ချင်းတွေက ညီမကို Surprise ဖြစ်စေချင်လို့ ကိုနေတိုးကို ညီမမသိအောင် ဖိတ်ပေးထားတယ်။ မိခတ္တာရဲ့ Surprise ဖိတ်ကြား မှုပေါ့။ ထင်လည်း မထားတဲ့ အတွက် ဝမ်းသာမိပါ တယ်” လို့ မိစန္ဒီက သူ့မွေးနေ့မှာ အံ့အားသင့်ခဲ့ ရပုံကို ပြောပြပါတယ်။
မိစန္ဒီရဲ့ ဒီနှစ်မွေးနေ့ ကတော့ ပရိ သတ်တွေ နဲ့လည်း အတူဖြတ်သန်း ရတာကြောင့် ပျော်ရွှင် ကြည်နူးမှုတွေ ပြည့်နေပြီး နောက်နှစ်တွေ မှာလည်း အခုလိုပဲ ရိုးရှင်း ပြီး ပျော် စရာကောင်းတဲ့ မွေးနေ့ပွဲလေးတွေ ပြုလုပ် သွားမယ်လို့လည်း ဆိုပါတယ်။
“ဒီနှစ်ကတော့ ပရိသတ်တွေ နဲ့အတူ အလှူတွေလည်း လုပ်ရတယ်။ တပျော်တပါးလည်း ဆင်နွှဲရတယ် ဆို တော့ ပျော်စရာတွေ အပြည့်ပါပဲ။ နောက်နှစ်တွေ မှာလည်း အခုလိုပဲ ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေးတွေ နဲ့ ဖြတ်သန်းသွား မှာပါ” လို့ မိစန္ဒီကပြောပြခဲ့ပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment