
ဖြိုးပြည့်စုံက ဂီတလောကထဲကို ဝင်ရောက်ခဲ့တာ ကြာပြီဖြစ်ပေမယ့် သူ့ရဲ့ပထမဆုံး ဂီတ မှတ်တိုင်ဖြစ်တဲ့ “မျှော်နိုင်သမျှ” တေးအယ်လ်ဘမ် ကို ဇွန်လ ၂၉ရက်နေ့ မှာ The Sun Music Production ကနေပြီး မြန်မာ တစ်နိုင်ငံလုံး ကို ဖြန့်ချိမယ်လို့ သိရပါတယ်။ တေးရေးဆရာ ကေအေတီ ရဲ့ ဦးဆောင်မှုနဲ့ မျှော်နိုင်သမျှ အခွေလေးကို စတင်ဖြစ်ခဲ့ တယ်လို့ ပြောတဲ့ ဖြိုးပြည့်စုံက “ကျွန်တော် ဒီအခွေလေးကို စဖို့အတွက် အချိန် ၃နှစ်လောက် ယူခဲ့ရ တာပါ။ ၃နှစ် အတွင်း မှာလည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဆရာ ကေအေတီ ရဲ့ဦးဆောင်မှုနဲ့ ဒီအ ခွေလေး ကို စတင်ခဲ့တာပါ။ ကြားထဲ မှာ ဆရာကေအေတီ ဆုံးပါး သွားတဲ့ အတွက်လည်း အချိန်ကြန့် ကြာ မှုတွေ ရှိခဲ့ပါတယ်။ စိတ်ပိုင်းဆိုင် ရာလည်း အားငယ်ခဲ့ ရပါတယ်” လို့ ပြောပြ ပါတယ်။
ဒီအခွေထဲ မှာတော့ တင်ဇာ မော်၊ ကျော်သီဟ၊ ရွှေရည်ဖြိုးမောင်နဲ့ ဂျူဝယ်တို့က Featuring တွေ ပါဝင် အားဖြည့်ထားပြီး ဝင်းမင်းထွေး၊ မင်းချစ်သူ၊ ကေအေတီ ၊ မြင့်မိုးအောင် တို့ ရေးစပ်ထားတဲ့ တေးသီချင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ Rock နဲ့ Country သီချင်းပုံစံလေး တွေအပြင် အချစ်မဟုတ်တဲ့ ဘဝ အကြောင်း သီချင်းလေးတွေ လည်း ထည့်ထားပါတယ် လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
အဆိုတော် တင်ဇာမော်နဲ့လည်း တွဲဖက်ပြီး စုံတွဲ သီချင်းပြုလုပ်ဖြစ်ခဲ့ ပုံ နဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်က မတင်ဇာမော် နဲ့ လွန်ခဲ့တဲ့ ၂နှစ်ကတည်း က ရင်းနှီးခဲ့တာပါ။ မတင်ဇာမော် က စတွေ့တဲ့ အချိန်ကတည်းက မောင် နှမလိုပဲ ရင်းရင်းနှီးနှီး ဆက်ဆံတဲ့ အတွက် ခွန်အားတွေလည်း ရခဲ့ပါ တယ်။ နောက်ပြီး မတင်ဇာမော်က စုံတွဲသီချင်း အတွက်လည်း အနုပညာ ကြေး တစ်ပြား တစ်ချပ်မှ မယူခဲ့ပါ ဘူး။ တအားပဲ ကျေးဇူးတင်ရပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
ဖြိုးပြည့်စုံက သူ့ရဲ့မျှော်နိုင်သမျှ အခွေကို Iron Cross Band နဲ့ တီးခတ်ခဲ့ပြီး အစွမ်းကုန် ကြိုးစားခဲ့တဲ့ အတွက်လည်း ပရိသတ် များထံက အားပေးမှုကို အခွေလေး ရဲ့ခေါင်း စဉ် အတိုင်း မျှော်လင့်နိုင်သလောက် မျှော်လင့်နေ ပါတယ်လို့ ပြောပါတယ်။ ဒီအခွေရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကိုတော့ ဇွန်လ ၁ဝရက် နေ့ နေ့ခင်း ၁နာရီက စင်ထရယ် ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
ဖြိုးပြည့်စုံက ဂီတလောက ထဲ ကို၂ဝ၁ဝ ခုနှစ်ကတည်းက Melody World မှာ ယှဉ်ပြိုင်ရင်း စတင်ဝင် ရောက်ခဲ့တာပါ။ ဖြိုးပြည့်စုံက The Best of Melody World 2010 ဆုကို ရရှိပြီး Melody World က ပြု လုပ်ပေးတဲ့ တေးအယ်လ်ဘမ် ထဲမှာ လည်း ပါဝင်ခဲ့သူ တစ်ဦးပါ။ ဒါ့အပြင် ပိုပိုရဲ့ ချစ်ဖူးခဲ့သမျှ အခွေထဲက ဘုရား ပေးတဲ့ ဆုလာဘ် သီချင်းကို ဖြိုးပြည့်စုံ က ပါဝင် သီဆိုပေးခဲ့ပြီး ဒီသီချင်းက လည်း အောင်မြင် ကျော်ကြားတဲ့ သီချင်း တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
မြတ်မိုးပွင့်
Source:popularmyanmar.com
0 comments:
Post a Comment