သရုပ်ဆောင် စိုးနန္ဒာကျော် နှင့် တွေ့ဆုံခြင်း


အနုပညာ မျိုးရိုး မရှိဘဲနဲ့ ဒီလောကထဲကို ဝင်လာဖို့ ဆုံးဖြတ်တဲ့အခါ အတိုက်အခံတွေ ကြုံခဲ့ရလား။
အဓိက က အိမ်က မိဘနဲ့ အတိုက်အခံ လုပ်ရတယ်။ ညီမက ဝါသနာ ပါလို့ အိမ်က မသိအောင် ပြိုင်ပွဲတွေ ခိုးပြီး ပြိုင်တယ်။ TV ထဲ ပါလာရင် အမေ့ ကိုဗြောင်ငြင်းတယ်။ အဲဒါသမီး မဟုတ်ဘူးလို့။ နောက် ပိုင်း အနုပညာပေး လုပ်မှ ဒီစာမေး ပွဲဖြေမယ်ဆိုပြီး အဲဒီလိုနည်း နဲ့လုပ် ခဲ့ရတယ်။ ရသလွင်ပြင် ပြိုင်ပွဲဝင်ပြိုင်တော့ အမေ ကပြောတယ်။ ဒီ မှာ ဆုရရင် ဆက်လုပ် မရရင် ပညာရေး ဆက်လုပ်ရမယ် ပြောတယ်။ ကံကောင်းခဲ့လို့ အဲဒီမှာ ဆုရပြီး အနုပညာလောကထဲ ကို ဝင်လာခဲ့ရတယ်။
အိမ်နဲ့ အတိုက်အခံလုပ်ခဲ့ရတဲ့ ဒီအနုပညာလောက ကိုယ်တကယ်ရောက်တော့ ကိုယ့်အတွက် လွယ်ကူသလား။
လုံးဝ မလွယ်ကူခဲ့ဘူး။ အခက် အခဲတွေ ခဏခဏ ရင်ဆိုင်ရတယ်။ မြန်မာ မိဘနှစ်ပါး ကနေ မွေးတဲ့ ဘဝမို့ ပိုခက်ခဲတယ်။ အစက မလုပ်ဖို့ တားပေမယ့် ညီမ တကယ် ဝင်လုပ်တဲ့ အခါမှာ ဘယ်လို အခက် အခဲ ပြဿနာပဲ ကြုံရကြုံရ အဖေ အမေက ခွန်အားတွေပေးတယ်။ ညီမလက်ကို ဆွဲပြီး ကူညီ ဖြေရှင်း ပေးတယ်။ ညီမရဲ့ လိုအပ်ချက်ကို လည်း အမြဲတမ်း ဖြည့်ဆည်းပေးတယ်။
အနုပညာထဲဝင်ဖို့ အခုလူငယ်တွေက အောင်မြင်မှုတစ်ခုရဖို့ ဖြတ်လမ်းတွေ သုံးကြတဲ့အပေါ်ကိုရော ဘယ်လိုသုံးသပ်လဲ။
လူတစ်ယောက် နဲ့တစ်ယောက် အမြင် မတူဘူး။ ဖြတ်လမ်း သုံးပြီး စပွန်ဆာထားတဲ့ လူရှိသလို ကိုယ့် ဒူး ကိုယ်ချွန်ပြီး ကြိုးစားတဲ့ လူငယ်တွေလည်း ရှိပါတယ်။ မရှိလို့ စပွန်ဆာ ထားတာလည်း ရှိပါတယ်။ ညီမက လုံးဝ စပွန်ဆာ မထားဘူး။  ဒါပေမဲ့ ညီမရဲ့ အထူး စပွန်ဆာက အဖေနဲ့ အမေပဲ။
စီးရီးလုပ်နေတယ်ဆိုတော့ သရုပ်ဆောင်ကနေ အဆိုလိုင်းပြောင်းဖို့ လား။
စီးရီးလုပ်တယ် ဆိုတော့ အသံကောင်းလို့ မဟုတ်ဘူး။ အနုပညာမှတ်တိုင် တစ်ခုအနေနဲ့လုပ်တာပါ။ ဆယ့်တစ်လပိုင်း ကျရင်တော့ ထွက်နိုင်အောင် ကြိုးစားမယ်။ ဂီတပုံစံ အစုံပါမယ်။ ပထမ ဆိုတော့ အတွေ့အကြုံ မရှိတဲ့အတွက် စိတ်မော ရပါတယ်။ အဲဒါကြောင့် အရာရာကို ချင့်ချိန်ပြီးတော့ လုပ်ရပါတယ်။
ဒီဂီတလောကကို ဝင်တိုးနိုင်ဖို့ ဘာ တွေ ကြိုတင်ပြင်ဆင်ထားလဲ။
 အောင်မြင်ရမယ် ဆိုတဲ့ အတ္တ စိတ်တော့ မရှိပါဘူး။ ပရိသတ်သိရုံ လက်ခံရုံလောက် ဆိုရင် ကျေနပ်ပါပြီ။ ကံကောင်းရင်တော့ ဖြစ်လာမှာပါ။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment