
(ရန်ကုန်၊ ဇွန် ၁၅)
”၂ဝ၁၆ ထဲမှာ ရုံပြိုင်စနစ်တွေ ပြန်လုပ်မယ် ကြားတော့ အနုပညာ ရှင်တွေ အတွက် အခွင့်အရေးတွေ ဖြစ်လာသလို ပရိသတ်တွေလည်း အပုပ် အသိုးတွေ မကြည့်ရပဲ လတ် လတ်ဆတ်ဆတ် အနုပညာဖျော် ဖြေမှုတွေ ကြည့် ရတော့မှာပါ”ဟု စိုးရန်အောင် က ပြောသည်။
ဒါရိုက်တာ ညိုမင်းလွင်နှင့် ပထမဆုံး ရုပ်ရှင်ကား တစ်ကားရိုက် ကူးရန် ရှိကြောင်း စိုးရန်အောင်က ပြောသည်။
”ဇာတ်ကား နာမည်ကလည်း ဆန်းသလို ကိုညိုနဲ့တစ်ခါမှ မဆုံ ဖူးဘူး။ သူ့အနုပညာတွေ ကို အား ကျခဲ့တယ်။ သူ့ နဲ့ရိုက်ချင်တာ ကြာပြီ။ အခုတော့ ဖြစ်လာပြီ”ဟု လည်း ဆိုသည်။
အဆိုပါ ဇာတ်ကားကို ‘ဒေနာ’ ဟု အမည်ပေးထားပြီး ထိုင်းမှ သရုပ်ဆောင် များလည်း ပါဝင်မည် ဟု သိရသည်။
”ကျွန်တော် ဘယ်လို ကာရိုက် တာဖြစ်မလဲဆိုတာ ပရိသတ်တွေ ကို အခုချိန် မပြောပြချင်သေးဘူး။ စောပါသေးတယ်။ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ဆောင်သွား မှာပါ”ဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ ဇာတ်ကား မရိုက်ကူးခင် စိုးရန်အောင်က သာသနာ့ဘောင် သို့ ခဏ ဝင်မည်ဖြစ်ကြောင်း သိရ သည်။
”သင်္ကြန်မှာ ဝင်မယ်ဆိုပြီး မဝင် ဖြစ်တာ သင်္ကြန် ပြီးတော့လည်း အလုပ်တွေ များတာနဲ့ မဝင်ဖြစ် တာ။ အခုကျွန်တော် ပြန်ထွက်လာ တာနဲ့ ကိုညိုနဲ့ ကားကို စရိုက်မှာပါ” ဟု စိုးရန်အောင် က ပြောသည်။
ထူးထူး
Source:popularmyanmar.com
0 comments:
Post a Comment