
(ရန်ကုန်၊ မေ)
သမ္မတ၏ ကိုယ်ရံတော် ရဲမှူး ကြီးဖြစ်နေသောကြောင့် ဦးကျော် သူ၏ နာရေး ကူညီမှုအသင်းက ကူ ညီခြင်း မပြုဘဲ ဝေဠုကျော် ၏ နာ ရေးကူညီမှု အသင်း ကသာ ကူညီခဲ့ သည်ဟု ဆိုသော သတင်းမှာ မဟုတ် မှန်ကြောင်း ဦးကျော်သူ က ပြော သည်။
သမ္မတ၏ ကိုယ်ရံတော်ဖြစ်သူ ဦးအောင်ထွန်းထွန်းလွင် ၏နာရေး ကူညီမှုနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာ များတွင် အထက်ပါ အတိုင်း ပျံ့နှံ့နေခြင်းနှင့် ပတ်သက် ၍ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူ က တုံ့ပြန်ပြော ကြားခြင်းဖြစ်သည် ။
”ရှင်းပါဆိုလို့ ရှင်းလိုက်တယ်။ ရှုပ်နေသေးရင် ရှုပ်ထားတဲ့သူ ရဲရဲ ဝင့်ဝင့်ပြန်ရှင်းပါ။ နာရေးကူညီမှု အသင်း(ရန်ကုန်) ဆိုတာ ကျေးဇူးရှင် ဘဘဦးသုခ စတင် ထူထောင် ပေးကတည်းက လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေ ရန်သူမရွေး အကူအညီတောင်းရင် အနစ်နာခံ အပင်ပန်းခံပြီး ပေးဆပ်နေတဲ့ အသင်းပါ။ ဗြဟ္မစိုရ် တရား ကို အ သက်နဲ့လဲပြီး လက်ကိုင်ပြု ထားတဲ့ အသင်းပါ။ ပရဟိတသစ္စာ ဆိုရဲတဲ့ သူတွေ ဦးဆောင်ထားတဲ့ အသင်း ပါ။ ဒါဆို ကျွန်တော်တို့ဘက် က လုံလောက်ပြီ။ ကျန်တဲ့ အပိုင်းက တော့ မတရားရေးသား အပုပ်ချတဲ့ သူတွေ အပိုင်းပဲ ကျန်တော့တယ်။ ဒါ့ကြောင့် လိပ်ပြာ သန့်ရင် ရှင်းရဲ ရပါမည်။ သိက္ခာ ထပ်ချင်ရင် ရှင်းရဲ ရပါမည်။ သီလ လုံရင် ရှင်းရဲရပါ မည်။ သမိုင်းကောင်းချင်ရင် ရှင်းရဲ ရပါမည်”ဟု ဦးကျော်သူက ၄င်း ဖေ့စ်ဘွတ်ခ်တွင် ပြန်ရှင်းလင်းထား သည်။
”အဲဒါက အမှန် တကယ်ကော ကျော်သူ ကိုပြောတာလား၊ ကျော် သူကကော မကူညီဘူး လို့ ပြောတာ လား ဆိုတာ ကာယကံရှင်တွေ ကို မေးရမှာ။ ဝေဠု ကတော့ အဲဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဒီမနက် ကျွန်တော့်ဆီ ဖုန်းဆက်တယ်”ဟု ဦးကျော်သူ က ပြောသည်။
P-News
Source:popularmyanmar.com
0 comments:
Post a Comment