မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ၏ ကောင်းခြင်း၊ ဆိုးခြင်းကို ရာခိုင်နှုန်း အလိုက်တွက်ချက်ပေး သည့် ဝါရင့်အနုပညာရှင်ကြီး ဦးဝင်းဖေ


မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုလောက၏ အခြေအနေက ယခင်ကထက် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရ သော်လည်း ယင်းထက်ပိုမိုတိုးတက်လာရေးဆို သည်က နိုင် ငံရေးအရ၊ လူမှုရေးအရ၊စီးပွားရေးအရ၊ ပညာရေးအရတည်ငြိမ်မှုရှိရမည်ဖြစ် ကြောင်း၊ယခုအချိန်တွင် နိုင်ငံရေး တည်ငြိမ်မှုလုံးဝမရှိကြောင်းနှင့် တိုးတက်မှု တိုင်းတွင်နိုင် ငံရေးသာ လျှင်အဓိကကျကြောင်းဝါရင့်အနု ပညာရှင်ကြီး ဦးဝင်းဖေက ပြောသည်။  ” အဓိကနိုင်ငံရေးပါပဲ။ နိုင်ငံရေးတည်ငြိမ်မှုမရှိရင် လုံးဝမတိုး တက်နိုင် ဘူး။ မျှော် လင့် ချက်လည်းမရှိဘူး။ နည်းပညာ ဘယ်လောက်ပဲ တိုးတက်လည်းကယ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ နိုင်ငံရေးတည် ငြိမ်မှုရှိအောင် အရင်လုပ်ရပါမယ်” ဟု ပြောသည်။
ယခင်ကထက် ပိုမိုတိုးတက်လာသည်ဆိုသော်လည်း အား သာချက်၊ အားနည်းချက်များစွာရှိ ကြောင်း၊ အကုန်လုံးညံ့သည်ဟုလည်း တစ်ထစ်ချဝေဖန်ပြောဆို၍ မရကြောင်းလည်း ပြောသည်။ ” ဇာတ်ကားတွေမှာ အားသာချက်ရှိသလို အားနည်ချက်တွေလည်း အများကြီးရှိတယ်။ ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင်တော့ မကောင်းတဲ့ ကားက ၈ဝရာခိုင် နှုန်း၊ ကောင်းတဲ့ကားက ၂ဝရာခိုင် နှုန်းလောက်ရှိတယ်။ အဲဒီထဲ ဘာကြောင့် ၂ဝရာခိုင်နှုန်းက ကောင်း လဲပြောရင် မြန်မာအနုပညာ သည်တွေရဲ့ ဗီဇအရည်အသွေး၊ နောက်တစ်ခုက ကာလဒေသတစ်ခုမှာ နည်းပညာတိုးတက်မှု၊ အခုဆို ဖလင်နဲ့တောင်မဟုတ်တော့ဘူး။ ပြောင်းသွားပြီ။ အဲဒီမှာ ကောင်းစရာ အချက်တွေဖြစ်လာတယ်။ အသေးစိတ်က အစပြောမယ်ဆိုရင် အများကြီးပဲ။ ဟိုးအရင်ကထက်သာတဲ့ကားတွေ အများကြီးရှိတယ်။ ဒီကနေ့မျက်စိ လည်ပြီး စေ တနာ အပြည့်နဲ့လူတွေ ဘာတွေပြောနေလဲဆိုရင် အရင်က ဇာတ်ကားနဲ့ အခုခေတ်ကားတွေက ကွာတယ်။ တခြားစီ၊ ဘာညာပေါ့။ ဒါကိုအတိုင်းအဆမရှိ၊ အကန့်အသတ် မ ရှိပြောတယ်။ အဲဒီဝေဖန်ချက်တွေက မကောင်းဘူး။ အရင်တုန်းက ကားတွေထက် အခုရှိသမျှ ကားတွေ အကုန်လုံးညံ့တယ်လို့ပြောတာ လုံးဝအဓိပ္ပာယ်မရှိ ဘူး။ ကောင်း တဲ့ အားသာချက်တွေလည်း အများ ကြီးပါ။ ရာခိုင်နှုန်းနဲ့ပြောရင် ကောင်းတဲ့ရာခိုင်နှုန်း နည်းတာပေါ့” ဟု ဦးဝင်းဖေက ပြော သည်။ နိုင်ငံ တကာကနေ မြန်မာနိုင်ငံကို ရုပ်ရှင်လာရိုက်ကြသည်မှာ ထုံးစံတစ်ခုသာ ဖြစ်သော်လည်း အလေးထားပြီး ကြိုဆိုရမည်ဖြစ်ကြောင်းနှင့် ယူစရာရှိလျှင် ယူတတ်ရမည်ဖြစ်ကြောင်းလည်း ပြောသည်။ ယနေ့အချိန်တွင် အသက် ၈ဝ ရှိနေပြီဖြစ်သည့် ဝါရင့်အနုပညာရှင်ကြီး ဦးဝင်းဖေက ရုပ်ရှင် အနုပညာသည်သူ့အမျိုးဖြစ် ကြောင်း လည်းပြောသည်။ ” အနုပညာနယ် ပယ် ထဲ ၂၅နှစ်လောက်နေခဲ့ဖူးတယ်။ ဒီတော့ အဲဒါတွေနဲ့ ခါးပြတ်သွားခဲ့တာ နှစ်ပေါင်း ၂ဝ။ ဒါပေမဲ့ ရုပ်ရှင်မိသားစုကို ကျွန်တော့်မိသားစုလိုချစ်တယ်။ ကျွန်တော်ပြည် ပရောက်နေတဲ့ အချိန်မှာတောင် အနုပညာသည်တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို စောင့်ကြည့်နေခဲ့တယ်။ ရုပ်ရှင်အနုပညာသည်တွေက ကျွန်တော့် အမျိုးတွေပါ။ လှုပ်ရှားမှု ပုံရိပ်ဇာတ်ကားတွေကို ကောင်းလည်း ကြည့်သလို၊ မကောင်းလည်းကြည့်တယ်။ သိပ်စိတ်ဝင်စားတာ။ နှယ်နှယ်ရ ရကြည့်တာမဟုတ်ဘူး။ ညလုံးပေါက်တဲ့ အ ထိကြည့် တာ” ဟုလည်း ဝါရင့်အနုပညာရှင်ကြီး ဦးဝင်းဖေက ပြောသည်။
M ဘွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment