ဇွန်လမှာရုပ်ရှင်ကား ကြီး စတင်ရိုက်ကူးမယ့် ထွန်းကိုကို


ပရဟိတအလုပ်တွေနဲ့အတူ ကြော်ငြာ၊ ဗီဒီယိုဇာတ်ကားတွေဆက် တိုက်ရိုက်ကူးဖြစ်နေတဲ့ မော်ဒယ်၊ သရုပ်ဆောင်ထွန်းကိုကိုကမေလ ကုန်လို့ဇွန်လကျရင် ရုပ်ရှင်ကား ကြီးရိုက်ကူးဖို့ လက်ခံထားတယ်လို့ ပြောပါတယ်။ မော်ဒယ်သရုပ်ဆောင် ထွန်းကိုကိုက “ဒီလကုန်ရင် ရုပ်ရှင် ကားကြီး ရိုက်ကူးပါမယ်။ ကျွန်တော့် ရဲ့ပထမဆုံး ရုပ်ရှင် ဇာတ်ကားတစ်ကားပေါ့။အဲဒီအတွက်အများကြီး ကြိုတင်လေ့ကျင့်ပြင်ဆင်နေတယ်။ ဒါရိုက်တာရဲ့ညွှန်ကြားမှုအောက် မှာအကောင်းဆုံးဖြစ်အောင် သရုပ် ဆောင် သွား မှာပါ” လို့ ပြောပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားမှာ ဒုစရိုက် သမားတွေကို နှိမ်နင်းတဲ့ ဟီးရိုးတစ်ယောက်အဖြစ်၊ရဲအရာရှိတ စ်ဦးအ ဖြစ် သရုပ်ဆောင် မယ်လို့လည်း သိရပါ တယ်။ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်လာရပေမယ့် ငါမင်းသား တစ်ယောက် ဖြစ်ရမယ် ဆိုပြီး အနုပညာကိုရူးသွပ်တာမျိုးမ ဟုတ်ဘဲပရိသတ်ကိုရသပေးတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် တော့ဖြစ်ချင်တယ်လို့ ထွန်းကိုကိုက ပြောပါတယ်။
” တချို့ ကျွန်တော့်ကိုမေးကြတယ်။ အနုပညာအလုပ်လုပ်တာ မင်းသားဖြစ်ချင်လို့လားပေါ့။ မင်းသားရူးရူးနေကြတာ ပတ်ဝန်းကျင်မှာလည်း မြင်တွေ့ဖူးတာပေါ့။ ငါမင်းသားဖြစ်ရမယ်ဆိုပြီး အနု ပညာကိုလုပ်တာမဟုတ်ဘူး။ ကိုယ် တစ်ခုခုလုပ်ပြလိုက်လို့ ပျော်စရာပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းစရာပဲဖြစ်ဖြစ် ပရိသတ်တစ်ခုခုရသွားစေ ချင် တယ်။ ပရိသတ်ကို ရသပေးချင်တယ်။ ပြီးတော့ ရှေ့ဆောင်လမ်းပြတစ်ခုခု ပေါ့။ ကောင်းတဲ့အရာတစ်ခုကို ကိုယ်က အရင်ဦးဆုံးလုပ်ပြလိုက်ရင် ပရိသတ်တွေက လက် ခံသဘော ပေါက်တာတို့၊ လက်ခံပေးတာတို့ ပေါ့။မင်းသားဖြစ်ရမယ်လို့တော့ မဟုတ်ဘူး။ အနုပညာအလုပ်ကို လုပ်ရင်းနဲ့ ပရိသတ်ကို ရသပေးချင်တာ။ ဒီတော့ ပရိ သတ် ကို ရသအစုံ ပေးချင်တဲ့သရုပ်ဆောင်တစ်ယောက် ပဲဖြစ်ချင်ပါတယ်။ အဲဒီ ရုပ်ရှင်ကား ကြီးကနေတစ်ဆင့်လည်း ရသတစ် မျိုးပေးစွမ်းနိုင်လိမ့် မယ်လို့မျှော် လင့်ပါတယ်” လို့ထွန်းကိုကိုက ပြောပါတယ်။ အခုလက်ရှိအ ချိန်မှာတော့ ကိုယ့်ကိုယ် ကိုယ် အောင်မြင် တဲ့နေရာတစ်နေရာရရှိထားတယ်လို့ မမြင်ဘဲ၊မယူဆဘဲအောင်မြင် မှုတစ် ခုဆီ သွားဖို့လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိနေတယ်လို့ခံယူထား ကြောင်းနဲ့ဆက်မလျှောက်ရင် ရောက်ရှိမှာမဟုတ်တာကြောင့် အောင် မြင်မှုရရှိဖို့ဆက်လက်ချီတက်နေ
ကြောင်း လည်း ပြောပါတယ်။
” ကျွန်တော် မော်ဒယ်လုပ်လာခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ မော်ဒယ်လောကမှာ အများကြီးကျင်လည်ခဲ့တယ်။ မော်ဒယ်နဲ့ပတ်သက်တဲ့အလုပ်မှန်သမျှ အကုန်လုပ်ဖူးတယ်။ ပရက်စင်တာကအစ ပွဲစီစဉ်တဲ့ အဆင့်ထိပေါ့။ ဘဝမှာအများကြီးကျော်ဖြတ်ခဲ့ရတယ်။ ကျော်ဖြတ်ခဲ့တဲ့ ကာလသက်တမ်းတစ်လျှောက် ကိုယ့်အလုပ်ပေါ်မှာ အရိုးသားဆုံးနဲ့ ကိုယ့်အလုပ်ကို ပုံမှန်လုပ်ပြီးကြိုးစားခဲ့ တယ်။ ကျွန်တော် Mr သွားပြိုင်တယ်။ ဒုတိယ၊ တတိယရခဲ့တဲ့ပွဲပေါင်း မနည်းဘူး။ Face of Myanmar ဆိုတဲ့ပွဲမှာမှ ပထဆုရခဲ့တယ်။ ကိုရီးယားမှာသွားပြိုင်ရတာ။ မြန်မာဆို တာနိုင်ငံတကာအလယ်မှာ မျက်နှာ ပန်းပွင့်ခဲ့တယ်။ အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက်ဒီလိုရလဒ်တွေ ရရှိ လာခဲ့တယ်လို့ ယူဆတယ်။ ရိုးသားခဲ့တယ်။ လုံ့လ၊ဇွဲ၊ဝီရိယတွေ အားစိုက်ထုတ်ပြီး ကြိုးစားခဲ့တယ်။ ရှုံးနိမ့်ပေမယ့်စိတ်မပျက်ခဲ့ဘူး။ အခုလည်း ကြိုး စားနေရတုန်းပါပဲ။ တချို့ကတော့ အောင်မြင်တယ်လို့ ပြောကြ၊ ဆိုကြတယ်။ ကျွန်တော်ကတော့ အဲဒီလို မမြင်ဘူး။ အခုလက်ရှိရောက်နေတဲ့ နေရာက အောင်မြင်မှုတစ်ခုဆီသွား ဖို့ လမ်းကြောင်း တစ်ခုပေါ်ရောက်ရှိနေတယ် လို့ ယူဆထားတယ်။ ရပ်နေလို့မရဘူး။ ဆက်မလျှောက်ရင် ကျန်နေခဲ့မှာပဲ” လို့လည်း ထွန်းကိုကိုက ပြောပါတယ်။
M ဘွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment