
အောင်မြင်နေတဲ့ အမျိုးသမီး အနု ပညာရှင်တွေက အိမ်ထောင်ကျ ကလေးမွေးပြီးရင် အနုပညာ လောကနဲ့ စိမ်းသွားတတ် ကြတယ်။ မသက်မွန်ရော ဘယ်လို အစီအစဉ် ရှိလဲ။
ဒီအနုပညာ အလုပ် ကိုလည်း ဆက်လုပ်ချင်သေးတယ်။ မျှမျှတတ တော့ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရမယ်။ မိခင် တာဝန်ရော၊ မယားတာဝန်ရော မလစ် ဟင်း အောင်၊ ကိုယ့်ကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေ အတွက်လည်း အား ပေးရကျိုးနပ်အောင် အနုပညာ အလုပ်ကို ဆက်ကြိုးစားရမှာပေါ့။
ရိုးရိုးမွေးဖို့ ရွေးချယ်ဖြစ်တဲ့ အစ်မရဲ့ ရွေးချယ်မှု ကိုလည်း သိချင်ပါတယ်။
ရိုးရိုးမွေးတာက ခွဲမွေးတာ ထက် မိခင်နဲ့ကလေး အတွက်ပိုပြီး အကျိုးများတယ်။ အသက်အရွယ် အရရော၊ ကျန်းမာရေး အရရောပဲ။ ရိုးရိုးမွေးနိုင်တဲ့ အနေအထား မှာ ကြိုးစား ကြည့်တာပါ။ ပြီးတော့ ကိုယ့်အမေတွေ ရဲ့ ရင်ဆိုင်ဖြတ် သန်းမှုကို သိချင် ခံစားချင်လို့လည်း ပါတယ်။ ဒါလည်း သားဦးမှာပဲ အခွင့်အရေး ရတာလေ။ နာတဲ့ အချိန် မှာ ဘယ်လို နေရမှန်းမသိ အောင်သေချင် စိတ်ပေါက်တဲ့အထိ ကို ခံစားရတယ်။ ဒီလို နာပြီဆို တော့ မွေးရတော့မယ်။ သားလေး မျက်နှာမြင်ရတော့မယ် ဆိုတဲ့ စိတ် လေး ဝင်လာရင် ပီတိစိတ်နဲ့ အားရှိ လာတယ်။ နောက်ဆုံး ရေမွှာ ပေါက်ပြီးတာလည်း ကြာပြီ သား လေးခေါင်းလည်း မကျလာတော့ ခွဲမွေးလိုက် ရတယ်။ မွေးတော့ ဆေး ရှိန်ကြောင့် ပင်ပန်းတဲ့ ဒဏ်ရာ တွေကြောင့် သတိရတစ်ချက်၊ မရတစ်ချက်နဲ့ အတင်း လာနှိုးပြီး သားလေး မျက်နှာမြင်လိုက်ရတဲ့ အချိန်မှာ ကလေးက ဖြူနေတော့ ငါ့ သားလေး ဘာဖြစ်တာလဲ ဆိုပြီး အရမ်း စိတ်ပူသွားတာ။ အမှန်က ကိုယ်မှာ ကပ်တဲ့ အဆီတွေ များနေ တာတဲ့။ ကလေး အခြေအနေ အားလုံး ကောင်းတယ် ဆိုမှ ဝမ်းသာ ပြီး စိတ်ချလက်ချဖြစ်သွားတယ်။
မိသားစုနဲ့ မှတ်တမ်းပုံလေးတွေ ရိုက်တဲ့အချိန်မှာ တစ်ယောက် တည်း ဒါမှမဟုတ် လုပ်ဖော်ကိုင် ဖက်တွေနဲ့တွဲပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ ကာလနဲ့ ဘာကွာသွားလဲ။
ကိုယ့်မိသားစု အစစ်အမှန်နဲ့ ရိုက်ရတော့ ပျှော်ရွှင်မှုက တစ်မျိုး ဖြစ်နေတယ်။ ပီတိလည်းဖြစ်တယ်။ သားလေး ကိုတော့ သနားတယ်။ ငယ်လွန်းတော့ ပင်ပန်းနေရှာတာ။ မှတ်တမ်း လိုချင်လို့သာ ရိုက်လိုက် ရတာပါ။
အိမ်ဆည်းလည်း ရောက်လာပြီ ဆိုတော့ မသက်မွန်တို့ အိမ်ကြီး အရာရာ ပြည့်စုံသွားပြီ လို့ ခံစားရပြီလား။ သူ့ကို ကြော်ငြာ လာကမ်းတာတွေ ရော လက်ခံ ရိုက်ကူးဖို့ ရှိလား။
တစ်နေ့တစ်နေ့ သူ့မျက်နှာ လေးကိုပဲ ကြည့်နေရတာ အရမ်း ကြည်နူးစရာ ကောင်းတယ်။ ပုံစံ မျိုးစုံပဲ။ အိပ်ရင် မေးထောက်ပြီး အိပ်တာ များတယ်။ သူနိုးရင် စကား တွေပြောပေးတော့ ခုဆိုအသံပေး လို့ ပြန်ပေးတတ်နေပြီ။ သားလေး က အေးမယ့်ပုံပဲ။ သဘောကောင်း တယ်။ ထိန်းရ လွယ်တယ်။ ငိုတာ နည်းတယ် ။ ပြောထားတာ ရှိတယ်။ သားလေးသိပ်မပင်ပန်းဘူး ဆိုရင် တော့ အမှတ်တရအနေနဲ့ ရိုက်ချင် ပါ တယ်။ ဒါပေမဲ့စဉ်းစားတုန်းပါ။သားလေးကို ပရိသတ်တွေချစ်တယ် သိရတော့ ကျေးဇူး အများကြီး တင်မိတယ်။ အထူးသဖြင့် မိခင်တစ် ယောက် အနေနဲ့ ပီတိလည်း ဖြစ်တယ်။ သူကလည်း ပြုံးပြုံးနဲ့ မျက်နှာချို တော့ ချစ်ကြတယ်။ သက်မွန် တောင်းတဲ့ ”မျက်နှာမြင် ချစ်ခင်ကြ ပါစေ” ဆုပြည့်တာပေါ့။
အကယ်ဒမီ သက်မွန်မြင့်နဲ့ သား လေးအတွက် မိခင်တစ်ယောက်ရဲ့ အနာဂတ် ရည်မှန်းချက်ကိုလည်း သိချင်ပါတယ်။
ဒီနှစ်ခုက အရမ်းကို ကွာသွား တာပေါ့။ အရင်တုန်းက ကိုယ့်စိတ် နဲ့ကိုယ်ပဲ။ အခုတော့ မရတော့ဘူး။ သားလေး အတွက် ဆိုတာ ရှိလာပြီ။ မိခင် တာဝန် မယားဝတ္တရား ဒါ တွေနဲ့ ဘဝသစ် တစ်ခု ရင်ဆိုင်ဖြတ် သန်းရမှာ။ ကိုယ့်ကိုယ်ပိုင် မိသားစု လေးနဲ့အတူ အနုပညာ အလုပ်တွေ ဆက်လုပ်မယ့် မင်းသမီး တစ်ယောက် ပေါ့။
Source:popularmyanmar.com
0 comments:
Post a Comment