
(ရန်ကုန်၊ မေ ၂၅)
စီးပွားရေး တစ်ဖက်ရှိသည့်အပြင် နယ်မြို့ များတွင် သီချင်းများ လိုက်ဆို နေသောကြောင့် သရုပ်ဆောင် လောကနှင့် ဝေးကွာသွားကြောင်း စုလှိုင်နှင်း ကပြောသည်။
”အခု သရုပ်ဆောင် ပြန်လုပ်တာ့ အရမ်းကွာခြား တာတွေ့ရတယ်။ အစ်မတို့ခေတ် က သရုပ် ဆောင်တွေ လက်ချိုးရေတွက် လို့ရတယ်။ အခု က အများကြီး ထွက်လာ ကြတယ်။ လူငယ်တွေက အနုပညာလောက ကို စိတ်ဝင်စားကြတယ် လို့ ပြောလို့ရတယ်။ ဝမ်းသာတယ်။ ကိုယ်တွေက အခု မင်းသမီး မဖြစ်နိုင်တော့ဘူး။ အစ်မခန်း၊ အမေခန်းလောက် ပဲ ရိုက်ရတော့တယ်” ဟု စုလှိုင်နှင်းက ပြောသည်။
လတ်တလော အောင်မြင်နေသည့် ‘ဝိညာဉ် ရှိုက်သံ’ ဇာတ်လမ်းတွဲတွင် ဘာသာတရား ကိုင်းရှိုင်းသည့် သာမန် မိသားစုဝင် တစ်ဦးအဖြစ် သရုပ်ဆောင် ထားသည်ဟု သိရ သည်။
”ကိုရီးယား ဇာတ်လမ်းတွဲတွေကြောင့် ဗီဒီယို ကားတွေတောင် သိပ်မကြည့်ကြတော့ဘူး။ ဘာပဲ ပြောပြော အခုမြန်မာ ဇာတ်လမ်းတွဲတွေ အားပေး လို့ လုပ်ရ ကျိုးနပ် တယ်” ဟု စုလှိုင်နှင်းကပြော သည်။
”အခု မြန်မာ ဇာတ်လမ်းတွဲတွေ အောင်မြင် တာလည်း ဇာတ်အိမ် ဖွဲ့စည်းမှုတွေ ခိုင်မာတယ်။ ဒါရိုက်တာတွေက ဒီဇာတ် အိမ်ပေါ်မှာ နိုင်နင်း တယ်။ ပြီးတော့ လိုက်ဖက်တဲ့ သရုပ်ဆောင် တွေကို ရွေးချယ်တတ်တယ်။ မျက်နှာသစ် ကို နေရာပေး တယ်။ ဒါကြောင့် ပရိသတ် အားပေးမှု ရတာပါ” ဟု ဆက်ပြောသည်။
စုလှိုင်နှင်းသည် တစ်ချိန်က နေထက်လင်း၊ ဝေဠုကျော် စသူတို့နှင့် တွဲဖက်ကာ တော်လှန်ရေး ဇာတ်ကားနှင့် အက်ရှင် ဇာတ်ကား များစွာကို ရိုက်ကူးခဲ့ပြီး နယ် ပရိသတ် အကြိုက် မင်းသမီး တစ်လက် ဖြစ်ခဲ့ဖူးသည်။
”နယ်အကြိုက် မင်းသမီး တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ နယ်တွေ သွားတိုင်း ခေါ်ပြောနှုတ်ဆက် ကြတယ်။ အနုပညာသမား ဆိုတာ ဒီလောကမှာ နာမည်ကောင်း နဲ့ ရေရှည် ရပ်တည်နိုင်ဖို့ ကြိုးစား ခြင်းက အဓိကပဲ” ဟု စုလှိုင်နှင်းက ဆိုသည်။
ထူးထူး
Source:popularmyanmar.com
0 comments:
Post a Comment