"CB Bank Foundation ၊ KMA Foundation နှင့် Golden Myanmar Airline တို့ မှ ကျပ်သိန်း (၁,၁၀၀၀) မတည်၍ ရေဘေးသင့်ဒေသများသို့ ကူညီပံ့ပိုးမှုများ စတင်ပြီ


CB Bank Foundation ၊ KMA Foundation နှင့် Golden Myanmar Airline တို့ ဦးဆောင်၍ ရေဘေးသင့်ဒေသများသို့ ကူညီပံ့ပိုးမှု အဖွဲ့မှ ငွေကျပ်သိန်းတစ်သောင်းတစ်ထောင် မတည်ပြီး လူမှုရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

CB Bank Foundation မှ သိန်း (၃,၀၀၀)၊ KMA Foundation မှ သိန်း (၃,၀၀၀)၊ ရွှေမြန်မာလေကြောင်းလိုင်း မှ သိန်း (၁,၅၀၀)၊ Myanmar Microfinance Bank မှ သိန်း (၁,၀၀၀)၊ CB Insurance မှ သိန်း (၅၀၀)၊ ပါရမီ ဆေးရုံ မှ သိန်း (၅၀၀)၊ Central Corporate Society မှ သိန်း(၅၀၀)၊ Kaytumadi Co.Ltd မှ သိန်း (၅၀၀)၊ Global Grand Group Co.Ltd မှ သိန်း (၅၀၀) အသီးသီးထည့်ဝင်ခဲ့ကြသည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် အကူအညီများအား ရွှေမြန်မာလေကြောင်းလိုင်း လေယာဉ်များဖြင့် ရေဘေးသင့်သည့် ဒေသများသို့ တိုက်ရိုက် ပို့ဆောင်၍သော်လည်းကောင်း ၊ အနီးစပ်ဆုံး ဒေသများသို့ သွားရောက်၍သော်လည်းကောင်း ၊ ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

ရေဘေးသင့်ပြည်သူများ လက်ရှိအခြေအနေတွင် လိုအပ်သော အစားအစာ၊ ရေသန့် ဆေးဝါးများကိုလည်း အမြန်ဆုံးဖြန့်ဖြူးသွား၇န် စီစဉ်ပေးသွားမည်ဖြစ်သည်။ လှူဒါန်းလိုသည့် အခြားသော စေတနာရှင် အလှူရှင်များ၏ အလှူငွေနှင့် ပစ္စည်းများကိုလက်ခံကာ ရေဘေးသင့်ဒေသ များသို့ တဆင့်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ရခိုင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် အကူအညီများကို အလိုတော်ပြည့်ဆရာတော်၏ အစီအမံဖြင့် စစ်တွေလေဆိပ်သို့ ပို့ဆောင် ပေးသွားမည်ဖြစ်သကဲ့သို့ အခြား ရေဘေးသင့်ဒေသ များရှိ ပြည်သူလူထု အတွက်လည်း အကူအညီများကို လက်ရောက်ပေးအပ် သွားမည်ဖြစ်သည်။

Golden Myanmar လေကြောင်းလိုင်းမှ အလှူရှင်များ၏ အလှူပစ္စည်းများကို သယ်ဆောင်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ကလေး စသည့် မြို့ကြီးများသို့ အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ အကူအညီ ပေးအပ်ရန်အတွက် မော်တော်ကားလေယာဉ်ဖြင့်သွားရောက်ရန်ခက်ခဲသည့်ဒေသများသို့ ရဟတ်ယာဉ်များ၊ မော်တော်ဘုတ်များဖြင့် အနီးစပ်ဆုံး သွားရောက်လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

အဆိုပါ ဖောင်ဒေးရှင်းကို စီဘီဘဏ် ဥက္ကဌ၊ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သော ဦးခင်မောင်အေးက နာယက အဖြစ် ဆောင်ရွက်ကာ သြဂုတ်လ (၃)ရက်နေ့ မနက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းနေ့ သြဂုတ်လ (၃)ရက်မှ စတင်ပြီး ပထမဆုံး အခေါက်အဖြစ် ကုန်ပစ္စည်း (၁၀)တန်ကို စစ်တွေမြို့ နှင့် ကလေးမြို့ များသို့ လေကြောင်း ဖြင့် ပို့ဆောင်ပေးခဲ့သည်။

CB Bank Founation ၊ KMA Founation နှင့် Golden Myanmar Airline တို့ ဦးဆောင်၍ ရေဘေးသင့်ဒေသများသို့ ကူညီပံ့ပိုးမှု အဖွဲ့နှင့် ပူးပေါင်းကာ လှူဒါန်းလိုသူများအနေဖြင့် CB ဘဏ်များ၊ Golden Myanmar လေကြောင်းလိုင်း ရုံးခန်းနှင့် ဖုန်းနံပါတ် ၀၉-၉၇၇၉၉၆၆၁၅၊ ၀၉-၇၃၉၀၂၄၈၇၊ ၀၉-၄၂၀၁၁၇၆၉၆ များသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။

CB Bank ( Co-operative Bank Ltd. ) ‪#‎CBBankNews‬
https://www.facebook.com/CBBankmyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment