သရဲကားမကြည့်ရဲတဲ့ Lauren Cohan အဓိက သရုပ်ဆောင်ထားတဲ့ အရုပ်သရဲ ဇာတ်လမ်း The Boy




ကြောက်ဖို့ကောင်းတဲ့ အရုပ် တွေအကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ သည်းထိတ်ရင်ဖို သရဲ ဇာတ်လမ်းတစ်ခုဖြစ်တဲ့ The Boy ဟာ ဒီတစ်ပတ် အားလပ်ရက်မှာ စတင် ထွက်ပေါ်လာတော့မှာပါ။ The Boy ဇာတ်လမ်းထဲမှာတော့ Lauren Cohan သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ် Greta ဟာ အင်္ဂလန်နိုင်ငံမှာ ထူးဆန်းတဲ့ ကလေးထိန်း အလုပ်တစ်ခုကို လက်ခံခဲ့မိပါတယ်။  
သူမရဲ့ လုပ်ငန်း တာဝန်ကတော့ Brahms လို့ အမည်ရတဲ့ ကောင်လေးပုံစံ အရုပ်လေးကို ကလေးထိန်းပေးရမှာပါ။ Brahams ရဲ့  ပိုင်ရှင်(သို့) အုပ်ထိန်းသူတွေကလည်း Brahams ကို တစ်ကယ့်လူသားတစ်ယောက်လို သတ်မှတ် ဆက်ဆံနေကြတာပါ။ ဒါပေမယ့်လည်း Greta ဟာ Brahams ကို ထိန်းကျောင်းရာမှာ ပါဝင်လာတဲ့ စည်းကမ်းတွေကြောင့် စတင် အာရုံနောက်ခဲ့ရပါတယ်။ အဲဒီစည်းကမ်းကတော့ Brahams ဆိုတဲ့ အရုပ်လေးကို ညတိုင်း နမ်းရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဘာတွေဆက်ဖြစ်ကြမယ် ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ 
ဒီဇာတ်လမ်းထဲမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Lauren Cohan ဟာ နာမည်ကျော် သရဲ ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Walking Dead ဇာတ်လမ်းထဲမှာလည်း Zombie တွေကို လိုက်သတ်တဲ့ Maggie Greene အဖြစ်လည်း သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမ ဟာ သရဲကား ကြည့်ရမှာ ကြောက်တယ်လို့ Cosmopolitan သတင်းဌာန ကို ဖြေကြားထားပါသေးတယ်။ 
သူမအနေနဲ့ The Boy ဇာတ်လမ်း ထဲမှာ ပါဝင်မယ့် Brahams ဆိုတဲ့ အရုပ်ကို စတင်တွေ့ခဲ့စဉ်က အကြောင်းကို မေးမြန်းရာမှာတော့  "ငါ့ရဲ့  ပထမဆုံး တုံ့ပြန်မှုဟာ ဒီအရုပ်ဟာ ဘယ်လောက် လူနဲ့တူပြီး ဘယ်လောက်ထိ ပျော့ပျောင်းတဲ့ အသွင်ရှိတယ် ဆိုတာကို သိခဲ့တယ်။ ဘာလို့ဆိုတော့ အဲဒီအရုပ်ပုံစံက အခြား အရုပ် သရဲ ဇာတ်ကောင်တွေနဲ့ မတူဘူးလေ။ သူဟာနည်းနည်း အာရုံနောက်ဖို့ကောင်းပေမယ့် ချစ်ဖို့တော့ကောင်းပါတယ်။ ဒါပေမယ့်လည်း ငါ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို သိသိချင်းမှာတော့ မင်းတို့ငါ့ကိုနောက်နေတာပဲဖြစ်ရမယ် လို့ ငါပြောလိုက်မိခဲ့တယ်" လို့ Lauren Cohan က ဆိုပါတယ်။ 
သူမဟာ ထို အရုပ်လေးကို လက်ရှိမှာ သူမရဲ့  အိမ်ကိုခေါ်ဆောင်သွားပြီး ထိုအရုပ်နဲ့လည်း ဓါတ်ပုံတွဲရိုက်ပြီး Instagram မှာ တင်ထားပါသေးတယ်။ 
Ref:cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment