Justin Bieber နဲ့ပတ်သက်ပြီး ဇာတ်လမ်းအားလုံးပြီးသွားပြီမို့ ဘာမှထပ်မပြောတော့ဘူးလို့ ဖွင့်ဟလိုက်တဲ့ Selena Gomez


ကမ္ဘာကျော်အဆိုတော် Selena Gomez ကတော့ သူ့ရည်းစားဟောင်း Justin Bieber နဲ့ ပတ်သက်ပြီး ဘာမှပြောစရာအကြောင်းမရှိတော့ဘူးလို့ ထပ်မံဖွင့်ဟလိုက်ပါတယ်။ Rolling Stone ရဲ့ အင်တာဗျုးတစ်ခုမှာ သူမနဲ့ ဘီဘာတို့ရဲ့ နိုဝင်ဘာလတုန်းက ဟိုတယ်မှာအတူရှိခဲ့တဲ့အကြောင်း ပြန်ပြောင်းမေးမြန်းခဲ့တဲ့အခါ သူမက "အရင်ဆုံး စိတ်မကောင်းဖြစ်ရတယ်လို့ ပြောရလိမ့်မယ်" လို့ အမှတ်တမဲ့ ပြောလိုက်ပြီးတော့မှ သူမက ထပ်ပြီး "ရိုးသားစွာ ပြောရရင် ကျွန်မ ဘီဘာ့ကို လုံးဝပြတ်သွားပြီ။ စိတ်ကုန်သွားပါပြီ။ ဒီအကြောင်းကိုလည်း ထပ်ပြီးမပြောချင်တော့ပါဘူး"လို့ ဆိုပါတယ်။
အောက်တိုဘာလတုန်းကလည်း Selena Gomez ဟာ Justin Bieber နဲ့ပတ်သက်လို့ သူ့မှာဒေါသဖြစ်စရာကို မရှိတော့ပါဘူးလို့ ဆိုခဲ့တဲ့အပြင် ဒီအကြောင်းကို ထပ်ခါတလဲလဲရေးသားနေတာမျိုးကိုလည်း မဖတ်ချင်တော့ဘူးလို့ ဆိုခဲ့ပါသေးတယ်။
ခုအခါမှာ Justin Bieber ဟာ မော်ဒယ် Hailey Baldwin နဲ့ တွဲနေပြီး Selena Gomez နဲ့ အတူရိုက်ထားတဲ့ ပုံအဟောင်းတွေ ပြန်တင်တာမျိုး မလုပ်လောက်တော့ပါဘူး။
Ref:cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment