ရေအိမ်ထဲက မိုဘိုင်းဖုန်း

ကိုဂျစ် – ဟယ်လို။


အမျိုးသမီး – ကို လား…..၊ ချစ်ပါ ၊ ကို…. ကလပ်ရောက်နေလားဟင်။
ကိုဂျစ် – အင်း။
အမျိုးသမီး – ချစ် ရှော့ပင်ထွက်နေတာ၊ ဒီမှာ သားရေဂျာကင်လေးတစ်ထည် အရမ်းလှတာပဲ၊ ဒေါ်လာ ၁,၀၀၀ တည်းရယ်၊ ချစ် ၀ယ်လိုက်ရမလား ဟင်။
ကိုဂျစ် – အင်း… ချစ်အရမ်းကြိုက်နေရင်လည်း ၀ယ်လိုက်လေ။
အမျိုးသမီး – နောက်ပြီး ဒီမှာ စိန်ဘယက်တစ်ခုလည်းတွေ့တယ်၊ ချစ် အရမ်းကြိုက်တဲ့ ပုံစံလေး။ ကို တွေ့ရင်လဲ ကြိုက်မှာပဲ။
ကိုဂျစ် – အဲဒါက ဘယ်လောက်လဲ။
အမျိုးသမီး – ဒေါ်လာ၂၀,၀၀၀ တည်းပါ။
ကိုဂျစ် – အဲဒီဈေးနဲ့ဆိုရင် အလျော့တွက်၊လက်ခတွေ လျှော့ခိုင်းအုံးနော်။
ကိုဂျစ်- ဘိုင်…….. ချစ်။
ကိုဂျစ် က ဖုန်းပိတ်လိုက်သည်။ ရေအိမ်ခန်းထဲက တခြားယောက်ျားများက သူ့ကို တအံ့တသြကြည့်နေကြသည်။
ထို့နောက်တွင် ကို ကိုဂျစ် က “ ဖုန်းတစ်လုံးကောက်ရထားတယ်….. ဒါဘယ်သူ့ဖုန်းလဲ´´ ဟု အခန်းထဲမှ လူများကို အော်မေးရင်း အပြင်သို့ ထွက်သွားလေသည် ။
Credit-စိုင်းရွှေတိုး
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment